part 16uni@zgyi

3.1K 93 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
⛄(အပိုင်း ၁၆)⛄

"တောက်...."

ပါးပြင်နှစ်ဖက်ကို လက်နဲ့ကိုင်ကာ တောက်ခေါက်လိုက်သည့်အဒေါ်ကြီးကိုကြည့်ပြီး ဂျစ်ဂျစ် သဘောကျလို့မဆုံးပေ။ သူ့ကိုတဏှာရူးလိုလို ဂန်ထူးလိုလို ပြောချင်နေသည့် ပါးစပ်အခုတော့ အသံတိတ်ကာ မျက်စောင်းတွေထိုးနေသည်မှာ ပြာကျလောက်သည်။

"ပြောပါဦး ကျုပ်ကတနှာရူးလား။ ဂန်ထူးလား"

"မင်းပါးစပ်ကိုပိတ်ထား အရိုင်းစိုင်းကောင်။ "

"ဂန်ထူးမဟုတ်မှန်းသိလိုက်ရလို့ ရင်ခုန်သွားတာလားအဒေါ်ကြီး"

"ရင်ခုန်တာမဟုတ်ဘူး...မင်းကိုသတ်ပြစ်ချင်နေတာ။ လက်ရဲဇက်ရဲနိုင်လွန်းတဲ့မင်းကို အမှုန့်ကြိတ်ပြစ်ချင်နေတာ။"

"ဟိုး....ဟိုး....စိတ်လျော့ စိတ်လျော့။ ဒီအရွယ်ဆိုတာ ဒေါသမောဟ တွေလျော့သင့်နေပြီအဒေါ်ကြီး"

"ဘာ...."

"ဟွန့်...."

သူပြောသည့်ပုံစံက မသိလျှင် စီကပဲဒေါသမောဟတွေနဲ့ပြည့်နေသလိုလို။ စီ ကြားရသည့်စကားတွေဟာ ဒေါသဖြစ်စရာတွေကြီးပဲမို့ ဒယ်ဒီတို့အခန်းဘက်ကို ထွက်လာခဲ့လိုက်သည်။

ဂျစ်ဂျစ်လည်း သူ့ကိုဒေါသထွက်နေသည့်အဒေါ်ကြီးနောက်ကနေ လိုက်လာခဲ့လေသည်။ မျက်နှာကတော့ ပြုံးစိစိနှင့်ပင်။

စီးချက်ညီညီ ကိုယ်လုံးလေးကနိမ့်ချီမြင့်ချီ လျောက်လှမ်းနေလျှင် ဒေါက်ဖိနပ်မြင့်မြင့်လေး၏ ခွာချက်မှာလည်း တဂွက်ဂွက်နဲ့စည်းချက်ညီနေလေသည်။ ပြည့်ပြည့်တင်းတင်းကိုယ်လုံးလေးက ခါးလေးသိမ်ကာ တင်လေးစွန့်ကားနေသည်မှာ မယ်ဗမာပြိုင်ပွဲဝင်မည့် သူလေးများလို့ လှနေ၏။ ပန်းပန်ရင် နန်းဆန်တယ်ဆိုတဲ့စကားအတိုင်း အဒေါ်ကြီးရဲ့အလှ တကယ်နန်းဆန်သည်။

အနောက်ကနေမိန်းမတစ်ယောက်ကို ဒီလောက်ထိမကြည့်သင့်မှန်းသိပေမဲ့ သူမကြည့်ဘဲမနေနိုင်။ သူ့မျက်လုံးကို တခြားဆီလွှဲထားလို့မရ။ အဒေါ်ကြီးရဲ့အလှက ဖမ်းစားထားလေသည်။

မောင့်ထက်မိုက်မယ့် မWhere stories live. Discover now