part 18 uni@zgyi

3.1K 105 0
                                    

<<<မောင့်ထက်မိုက်မယ့် မ>>>
👒(အပိုင်း ၁၈)👒

"အား....ကျွတ်...ကျွတ်...."

ဒူးခေါင်းကိုကွေးလိုက်လျှင် နာကျင်သွားသည်မို့ မျက်နှာရှုံ့မဲ့ကာ ငြီးလိုက်မိ၏။

"အခုမှ ငြီးမနေနဲ့ သူများကိုဘာသွားလုပ်ခဲ့မှန်းမှမသိတာ။ ဖြစ်တာတောင်နည်းသေးတယ်မင်း"

"မင်းလည်းငါ့ကို စွတ်ကောမနေနဲ့။ ဒီမှာ နာရတဲ့ကြားထဲ"

"နေစမ်းပါဦး ဂျစ်ဂျစ်။ မင်းက ငါ့အိမ်ရောက်လာကတည်းက တစ်ခုပြီးတစ်ခုဖြစ်နေတာပဲ။ ပြီးတဲ့တစ်ခေါက်က ရေကန်ထဲပြုတ်ကျတယ်။ အခု ခြေထောက်မကျိုးတာကံကောင်း။ ဘာလဲ ဒီတစ်ခါလည်း မင်းရဲ့အဒေါ်ကြီးဆိုတဲ့လူကန်လိုက်တာလား"

"မဟုတ်ဘူး...သူ့သား..."

"ဟမ်...ဘယ်က သူ့သားလဲ"

"သူမွေးစားထားတာ။ "

"သြော်...ဒါကြောင့်လည်း မင်းအမြဲတမ်းခံနေရတာကိုး။ မင်းရဲ့အဒေါ်ကြီးဆီမှာ အခုလိုအားကိုးရတဲ့ အားကောင်းမောင်းသန်သားတစ်ယောက်ရှိနေတာကိုး...."

ရဲထိုက်က ဘယ်လိုအဓိပါယ်နဲ့ပြောနေမှန်း ဂျစ်ဂျစ်မသိ။ ဂျစ်ဂျစ်မသိသလို ရဲထိုက်လည်း ဒေါ်စိန်စီဝင့်ကြွယ်ရဲ့သားဟာ အားကောင်းမောင်းသန် မဟုတ်ဘဲ ငါးနှစ်သားအရွယ်လေးဆိုတာမသိပေ။

"စိတ်မပူနဲ့ ဂျစ်ဂျစ်။ မင်းအတွက်လက်တုံ့ပြန်ပေးမယ်။ ဇေကမ္ဘာလိုကောင်ကိုတောင် ခြေထောက်ရိုက်ချိုးခဲ့သေးတာ။ မင်းရဲ့အဒေါ်ကြီးသားကိုလည်း တွေ့မှ ကောင်းကောင်းပညာပြထားပေးမယ်။ဒါမှနောက်ဆို သားအမိနှစ်ယောက်လုံးမင်းကို အနိုင်မကျင့်ရဲမှာ..."

"အေးပါ...တွေ့တော့မှ မင်းစကားအတိုင်း မင်းလုပ်"

"ဒါနဲ့နေပါဦး မင်းကရော သူ့သားခြေထောက်နဲ့ကန်တာကိုငြိမ်ခံနေရောလား"

"ငြိမ်မခံလို့ ဘာပြန်လုပ်ရမလဲ"

"အဲ့ဒါကြောင့်မင်းကိုပြောတာ ဂျစ်ဂျစ်။ ငါနဲ့အတူ ကာရာတေးသင်ထားပါဆို အရေးကြောင်းဆို ကိုယ့်ကိုကိုယ်ကာကွယ်လို့ရတာပေါ့"

မောင့်ထက်မိုက်မယ့် မNơi câu chuyện tồn tại. Hãy khám phá bây giờ