သားဒီဆရာနဲ့အနီးကပ်စာသင်ချင်တယ်အ့ပါး

957 85 15
                                    

= The Bad Guy's Sam =

= The Bad Guy's Sam =

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

Unicode (hee-fei)

" အေဟုတ်တယ် စုံစမ်းသင့်နေပြီ။မင်းတကယ်စိတ်ဝင်စားတယ်ဆိုရင်ပေါ့"

အမြဲတမ်း နောက်ပြောင်တတ်သည့် ဂျေကအခုဒီစကားကိုပြောတဲ့အချိန်မှာတော့ တည်တည်ငြိမ်ငြိမ်ပင်။

" အေးပါကွာ..."

" အခုကရော ဘာလုပ်မလဲ ဆရာထွက်လာမယ့်အချိန်ထိစောင့်မှာလား ဒါမှမဟုတ်ပြန်မှာလား"

ဟီဆွန်း ဆရာပိစိကိုမတွေ့ရသေးဘဲမပြန်ချင်သေးဘူး။ ဆရာပိစိဒီအိမ်ထဲဘာဝင်လုပ်တာလဲဆိုတာသိချင်သေးတယ်။အချိန်အတန်ငယ်ကြာအောင်စဥ်းစားပြီးမှ

" စောင့်မယ်ကွာ..."

" အိုခေလေ"

" မင်းအချိန်ရတယ်မလား"

" No problem ငါဂိမ်းဆော့ရင်းစောင့်နေမယ် မင်းဆရာထွက်လာရင်ပြောငါ့ကို"

" အိုခေ"

စောင့်​ေနရတာ နှစ်နာရီလောက်တောင်ရှိတော့မယ်။ဆရာပိစိလေးကအခုချိန်ထိမထွက်လာသေးပေ။ဂျေပြောသလို ဒါကဆရာပိစိအိမ်များဖြစ်နေမလား။အာညီး...မဖြစ်နိုင်တာ ဆရာက အဆင့်အတန်းအမြင့်ထဲကပဲ့ဖြစ်လောက်တယ်။ဆရာပုံစံကိုကြည့်ရတာ။ ငါဘာတွေလျှောက်တွေးနေပါလိမ့် မဖြစ်နိုင်တာတွေ။

ကိုယ့်ကိုယ်ကိုအံသြမိတယ်။ တွေ့တာမှမကြာသေးတဲ့လူတစ်ယောက်မတွက် ဒီလိုလိုက်ပြီး အချိန်မပေးဖူးဘူး။အခုလည်းညမိုးချုပ်နေပြီ အိမ်မပြန်သေးဘဲ စောင့်နေမိသေးသည်။သူ့နံဘေးကဂျေတစ်ယောက်လည်း အခုထိ ဂိမ်းဆော့လို့ကောင်းတုန်း

ဟော....ဟော.....စောင့်ရကျိူးနပ်တယ်လို့ပဲ့ပြောရမလား ထွက်လာပြီဆရာပိစိ။ဟိုမှာယောကျာ်းလေးတစ်ယောက် ဘာတွေပြောနေကြတာလဲမသိဘူး။ဂျေဂျေ...ထ ထဟိုမှာ ဆရာပိစိထွက်လာပြီ။

𝙱𝚊𝚍 𝙶𝚞𝚢'𝚜 𝚂𝚊𝚖 // Heehoon (Complete)Onde histórias criam vida. Descubra agora