= The Bad Guy's Sam = Unicode
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
by (hee-fei)
ဘာလိုလိုနဲ့ ဆောင်ဟွန်း တို့ ဒီနေ့ ကျောင်းအုပ်တို့အိမ်ကို ပြောင်းရတော့မည်။ မနေချင်ပေမယ့် အ့ပါးစကားကို မလွန်ဆန်နိုင်တော့လည်း သူသာ ဟိုကောင်ကို စာမသင်ပေးရင် ကုမ္ပဏီ မှာ အလုပ်ပြန်ဝင်ရမယ်တဲ့။ ဒါတော့လုံးဝ မဖြစ်ဘူး။ အဝတ်အစားတွေ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းတွေကို အိပ်ထဲ ထည့်နေရင်း ရောက်တတ်ရာရာ လျှောက်တွေးနေမိပြန်ပြီ။ တွေးလိုက်သည့်အတွေးတွေတိုင်းလည်း ဟိုကောင် အကြောင်းတွေပဲ့ ။ဒီကောင်က အခုတစ်လော သူ့ဆီ အရင်လို လိုက်မကပ်တော့ပေမယ့် စာသင်ချိန်မှာဆိုရင်တော့ သူ့ကို ကြည့်နေတုန်း။ထမင်းစားချိန်နဲ့ ကျန်တဲ့ အချိန်တွေမှာဆို သူ့ကို သူ့ကောင်မလေးနဲ့ပဲ့ တွဲတွဲပြီး မြင်နေရတယ်။
သူ့ကို မနှောက်ယှက်တော့တာ ကောင်းပေမယ့် အက်ဒီ ကောင်မလေး နဲ့ တွဲတွဲ ပြီး မြင်လိုက်ရတိုင်း သူ့ကို လာကစားနေတုန်းပဲ့ ဆိုသည့် အတွေးဝင်မိတယ်။
"တီ....တီ...."
အဝတ်ထည့်နေတုန်း အိမ်ရှေ့က ဘဲလ်တီးသံကြားတော့ လုပ်လက်စ အလုပ်တွေကိုရပ်ကာ အိမ်ရှေ့ တံခါးဝဆီသို့
" အာညော် ပိစိလေး"
" ဟီဆွန်း မင်း...ဘာလာလုပ်တာလဲ"
မမြင်ချင်ပါဘူးဆိုမှ မြင်ရပြန်ပြီ။ အိမ်ထဲဇွတ်အတင်း ဝင်လာပြီ ဆိုဖာမှာ လာထိုင်သည့် ဟီဆွန်း သူ့အိမ်နဲ့ မှားလာတာလား ဒီကောင်
" ပိစိလေးကို လာခေါ်တာလေ အစောကြီးလာခဲ့ရတော့ ပိစိလေး အိပ်နေသေးတယ် ထင်နေတာ တော်သေးတာပေါ့ ဟိ..."
