= The Bad Guy's Sam =
Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.
Unicode (hee-fei)
" ဟီဆွန်း မင်းငါ့ကို ဘာလို့ချီလာခဲ့တာလဲ လူတွေအကုန် ဝိုင်းကြည့်နေကြပြီ။ငါ့ကို တစ်မျိုးထင်ကုန်တော့မယ်"
" ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ"
နဂိုပုံမှန် အသံထက်ပိုကျယ်နေသည့် ဟီဆွန်း ၏အသံ။ သူအခု ငါ့ကို အော်လိုက်တာလား။ ဘာအကြောင်းကြောင့် ငါ့ကို စိတ််ဆိုးနေတာလဲ။ လှဲကျတဲ့သူက ငါလေ။ နာနေတာက ငါလေ သူက ဘာဖြစ်။
"မင်းဂရုမစိုက်ပေမယ့် ငါဂရုစိုက်တယ် ငါက ဆရာတစ်ယောက် "
" လာပြန်ပြီလား ဆရာ ဆရာနဲ့ ။ ပိစိလေး ကိုယ် တကယ် စိတ်တိုနေတာနော် ငြိမ်ငြိမ်လေးနေနေပေး"
ဟီဆွန်း ပါးစောင်းကို လျှာနဲ့ထိုးကာ ခါးထောက်ပြီး
" ကျစ်....ဘာဆေးမှ မယူလာခဲ့မိဘူး တောက်"
" မယူလာရင် မလိမ်းဘူး ရတယ်။ ခြေထောက်ကလည်း နည်းနည်း လေးပဲ့နာတာ မသေလောက်ဘူး။ပြီးတော့ ငါကမင်းစကားကို ဘာလို့နားထောင်ရမှာလဲ။ငါက မင်းထက်အကြီး ပြီးတော့ မင်းဆရာ"
" လာပြန်ပြီလား အဲဒီဆရာဆိုတာကြီးက"
နောက်တစ်ခါ အော်လိုက်မိပြန်ပြီ။ ပိစိလေးနဲ့ ပတ်သက်လာရင် ကိုယ့်ဒေါသတွေကို အတတ်နိုင်ဆုံး ထိန်းခဲ့ပေမယ့် ပိစိလေးက သူ့အပေါ် အပြောအဆိုတွေက ရင့်သီးလွန်းသည်။အခုလည်း ဆက်တိုက်ကို အော်မိနေပြန်ပြီ။
" ဆရာမို့လို့ ဆရာလို့ ပြောတာလေ ငါမှားလို့လား။မင်းကရော တပည့်တစ်ယောက်ဖြစ်ပြီး ငါ့အပေါ် လေးစားမှုရှိလို့လား ဟမ်....အမြဲ ငါ့ကိုဆို နောက်ပြောင်နေဖို့ပဲ့ သိတယ် မင်းက"
