= The Bad Guy's Sam =
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Unicode (hee-fei)
အိပ်နေရာကနေ ထ ထိုင်ပြီး သွားရမလား မသွားရဘူးလားဆိုပြီး တွေးနေမိပြန်ပြီ။
" နေအုံး ပိစိလေးက ငါ့ကို မမြင်ချင်ဘူးလေ။ငါအခုပြန်သွားရင် ပိစိလေး စိတ်ညစ်သွားလောက်တယ်။နေပါစေတော့လေ။ဝိုမှာ ပိစိလေး ပျော်နေတာပဲ့ မြင်ချင်တယ်။ပြန်ရောက်မှပဲ့ အတိုးချပြီး ချစ်တော့မယ်။ဟူး....ဒီညလည်း ပိစိမပါဘဲ ဖြတ်သန်းရအုံးမှာပါလား"
" Ring....Ring..."
" ဟယ်လို ဘေ ဘီ ။ အွန်း အခုပြန်ရောက်တာ ဘေ ဘီလေးက ဘယ်လိုသိတာလဲ"
" အော်.ဟုတ်လား အင်းအင်း မနက်ဖြန်လိုက်ပို့ပေးမယ်နော် ဒီနေ့တော့ ကိုယ် ပင်ပန်းနေလို့နားလိုက်တော့မယ်။ဘိုင်ဘိုင်"
ဟူးးးးးဖုန်းချပြီးတာနဲ့ တစ်ရေးလောက်တော့ အိပ်လိုက်အုံးမယ်။
ရွာကို ပြန်ရောက်သည်နှင့် ချက်ချင်း တဲလေးဆီ အရင်သွားမိတယ်။စိတ်ထဲမှာတော့ ဟီဆွန်းကိုတွေ့ရင် အဖက်မလုပ်ဘဲ နေမည်ဆိုတဲ့ အတွေးလေးနဲ့ပေါ့။တံခါးဖွင့်လိုက်တော့ တဲထဲမှာ ဘယ်သူမှ ရှိမနေဘူး။အိမ်ထဲမှာပတ်ရှာကြည့်တော့လည်း ဟီဆွန်း နဲ့တူသည့်အရိပ်လေးတောင်မတွေ့။
သူပြန်သွားတာလား မဟုတ်လောက်ဘူးမလား ။ ငါ့သူငယ်ချင်း အခန်းမှာ ပြောင်းနေနေတာလား
ဘော့ဖိနပ်ကို အလျင်အမြန်ပဲ့ ပြန်စွပ်ပြီး ဂျုံဆောင်းနေသည့် တဲလေးဆီ ခပ်မြန်မြန်ပင် ပြေးလာခဲ့မိသည်။ ဒီလိုလေးပြောလိုက်တာ ဒီကောင်က တကယ်ကြီး ကောက်သွားတာလား။ငါကောက်ဖို့လည်း မထားဘူး။ဒါပေမယ့်လည်း ထင်သလိုမဖြစ်ခဲ့ပေ။ဘယ်သူမှ ရှိမနေဘူး။
![](https://img.wattpad.com/cover/292001456-288-k679013.jpg)