= The Bad Guy's Sam =
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
Unicode (hee-fei)
ကျွန်တော်လည်း စားလို့ ပြီးတာနဲ့ ကိုယ့်အခန်းကိုယ်ပြန်ကာ ကွန်ပျူတာရှေ့ထိုင်ပြီး ဂိမ်းထိုင်ဆော့နေ့လိုက်တယ်။ဆော့နေရင်းနဲ့ နံဘေးမှာ တစ်ယောက်ယောက် လာရပ်ကြည့်နေသလို ခံစားမိလို့ ဘေးကို လှည့်ကြည့်လိုက်ချိန်
ဆောင်ဟွန်း ထမင်းစားပြီးတော့ နာရီကြည့်လိုက်တော့ ၇နာရီထိုးနေပြီ။ဟိုကောင်ကို စာသင်ပေးရအုံးမယ်။စိတ်ဆိုးနေတာကလည်း စိတ်ဆိုးနေတာ တစ်ခုပေါ့ ဒါပေမယ့် စာကတော့ သင်ပေးရမှာပဲ့လေ။ဟိုကောင်အခန်းကို ဝင်သွားလိုက်တော့ ဘယ်လောက်တောင် ဆောင့်ကန်ပသ်ဖို့ကောင်းလိုက်သလဲ ကွန်ပျူတာရှေ့မှာ ပယ်ပယ်နယ်နယ်ကို ထိုင်ပြီး ဂိမ်းဆော့နေတယ်လေ။ငါတစ်ယောက်လုံး ဝင်လာတာတောင် သိမည်မဟုတ်။Earphone ကြီးနားမှာတပ်ထားမှာတော့ ဘယ်ကြားတော့မလဲ သူဝင်လာတဲ့အသံကို။သူ့အနားသွားပြီး လက်ပိုက်ပြီးရပ်ကြည့်နေလိုက်တော့....
တပ်ထားတဲ့ earphoneကို ချွတ်ကာ " ပိစိ"
" ပိစိ ကိစ္စရှိလို့လား ကို့အခန်းကိုလာတာ။ နံရံဘက်တံခါးကနေဝင်ခဲ့တာလား"
" အေလေ မင်းပဲ့ပြောတော့ အရှေ့တံခါးကမလာချင်ရင် ဘေးတံခါးက ဝင်လာလို့ရတယ်ဆို"
" အင်း"
" မင်း ဒါဘာလုပ်နေတာလဲ"
" ဂိမ်းဆော့နေတာလေ ပိစိရဲ့။ ပိစိလည်း ဆော့ချင်လို့လား"
" ဟီဆွန်း မင်းငါ့ကို ဒီအိမ်မှာလာနေခိုင်းတာက စာသင်ခိုင်းဖို့မဟုတ်ဘူးလား မင်းကအခုဘာအချိုးတွေချိုးနေတာလဲ"
" အာ...ဟုတ်သား စာသင်ရမယ် အခုသင်မယ်လေနော်"
" အေ"
