စာသင်ပေးရန် ကမ်းလမ်းချက်

864 83 9
                                        

= The Bad Guy's Sam = Unicode

= The Bad Guy's Sam = Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

by (hee-fei)

ဒီနေ့တစ်နေ့လုံး ဟိုကောင်ရဲ့ အရိပ်အယောင်ကို မတွေ့ရတော့ ဘယ်လိုတောင် စိတ်ချမ်းသာလိုက်သလဲ။ တစ်သက်လုံး မပေါ်လာရင် ကောင်းမယ် သူ့ရှေ့ကို။အိမ်စာ စာအုပ်တွေကို စစ်ပေးနေတုန်း ဆရာချွဲက အနားလာပြီး

" ဆရာဟွန်း ကျောင်းအုပ်က ဆရာကို ခေါ်နေတယ် ပြောစရာရှိလို့တဲ့"

" ကျွန်တော့်ကိုလား"

" အွန်း ဟုတ်တယ် သွားလိုက်ပါအုံး ကျောင်းအုပ်စောင့်နေတယ် ရုံးခန်းထဲမှာ"

" ဟုတ်ကဲ့ ဆရာချွဲ ကျွန်တော် အခုပဲ့ သွားလိုက်ပါမယ်"

ကျောင်းအုပ်က ဘာလို့ ငါ့ကိုခေါ်တာလဲ။ မဟုတ်မှ သူ့သားကို ဒူးထောက်ခိုင်းတာ သိသွားလို့များ ငါ့ကို အလုပ်ထုတ်မလို့ ခေါ်တာလား မသိဘူး။သွားပါပြီ ဟုတ်လောက်တယ်။ ငါကလည်း ငါပဲ့ သူ့ကိုမှ ဒူးသွားထောက်ခိုင်းမိတယ်လို့။ အလုပ်ထွတ်ရလို့တော့ မဖြစ်ဘူး။ဒီအလုပ်က ထွက်ရရင် အ့ပါးက ကုမ္ပဏီ မှာ ပြန်လုပ်ခိုင်းတော့မှာ။ မဖြစ်ဘူး ငါတောင်းပန်ရမယ်။ဟိုကောင် အစုတ်ပလုတ် ကြောင့် ငါအလုပ်ပြုတ်တော့မယ်။

တွေးနေရင်းနဲ့ လမ်းလျှောက်လာလိုက်တာ အခုဆို ကျောင်းအုပ်ကြီး ရုံးခန်းရှေ့တောင် ရောက်နေပြီ။ အထဲ ဝင်ဖို့ကို တွန့်ဆုတ် နေမိတယ်။ မသိရင် ကိုယ်ကပဲ့ အပြစ် အကြီးကြီးကို လုပ်ထားလို့ ကြောက်နေရသလိုပဲ့။

"fighting ဆောင်ဟွန်း တောင်းပန် လိုက်ရင် ခွင့်လွှတ်ပေးလောက်မှာပါ ပထမဆုံး အကြိမ်မှားတာဆိုတော့ ဟူးးးး"

ကိုယ့်ဘာသာကို အားပေးရုံမှ တစ်ပါး။

" ကျောင်း...ကျောင်းအုပ်"

𝙱𝚊𝚍 𝙶𝚞𝚢'𝚜 𝚂𝚊𝚖 // Heehoon (Complete)Where stories live. Discover now