= Bad Guy's Sam =
Йой! Нажаль, це зображення не відповідає нашим правилам. Щоб продовжити публікацію, будь ласка, видаліть його або завантажте інше.
Unicode (hee-fei)
" ကဲ့....ဒီနေ့တော့ ဒီလောက်ပဲ့ ပေးလိုက်တဲ့ သင်္ချာအိမ်စာတွေကိုအပြီးလုပ်ခဲ့နော်။ မလုပ်ခဲ့ရင် ဟိုမှာတွေ့လား ကွင်းကို ၁၀ပတ်ပြေးရမယ်"
" အာ....ဆရာဟွန်း ရက်စက်လိုက်တာ...."
ဆောင်ဟွန်း ရဲ့ခြိမ်းခြောက်မှုကြောင့် ကျောင်းသားတွေဆီကနေ အသံမျိုးစုံထွက်လာတော့တယ်။
" ကဲ့ ကဲ့....ဆူမနေကြနဲ့တော့ နောက်တစ်ချိန်အတွက် အဆင်သင့်ပြင်ထားလိုက်တော့ ဆရာသွားပြီ"
" Nae Sam "
ကလေးတွေအိမ်စာတင်ထားတဲ့စာအုပ်တွေကိုသယ်ကာအတန်းထဲကထွက်လာဖို့အလုပ်
" ကို ကူသယ်ပေးမယ် ဆရာပိစိလေး "
" ရတယ်မလိုဘူး ကိုယ့်ဘာသာသယ်မယ် "
" ပေးပါဗျ ကိုသယ်ပေးချင်လို့"
အတင်းကို လက်ထဲကစာအုပ်တွေကို လိုက်လုနေသည့် ကောင်လေး။ စိတ်ရှုပ်လိုက်တာ စာသင်ခန်းထဲမှာလည်းဖြစ်နေတော့ ဒီကောင်နဲ့ရန်ဖက်မဖြစ်ချင်တော့ဘူး။ သူကပဲ့လက်လျော့လိုက်ရတော့မယ်။
လမ်းလျှောက်တော့လည်းပါးစပ်ပိတ်ပြီးမလျှောက်ဘူး ဘေးကနေပြီး ပွစိပွစိနဲ့ဘာတွေပြောနေလဲမသိဘူး။စိတ်ရှုပ်တာပဲ့သိတယ်။
" ဆရာပိစိလေး မနေ့ညက ဆရာပိစိလေးကိုသတိရနေတာ ဆရာပိစိလေးကရော ကို့ကိုသတိမရဘူးလား"
" ....... "
ဆောင်ဟွန်း ပြန်မဖြေ။ ဂရုမစိုက်ဘဲ လမ်းသာဆက်လျှောက်နေတယ်။ အက်တာကို ဒီကောင်က အနားကို အတင်းလာကပ်ပြီး
" ဆရာပိစိလေး သတိမရဘူးလားလို့မေးနေတယ်လေ ဗျ"
" မင်းငါနဲ့ဝေးဝေးကနေလျှောက်စမ်း ဘယ်လိုဖြစ်ပြီးလိုက်ကပ်နေတာလဲ။ပြီးတော့မင်း အသက်မပြည့်ဘဲ ဘာလို့ဒီလိုနေရာတွေသွားတာလဲ။မင်းနားမလည်ဘူးလား မင်းတို့သွားသင့်တဲ့နေရာမဟုတ်ဘူးဆိုတာ။ဒီကိစ္စမင်းမိဘတွေကို ဖုန်းဆက်ပြောရမယ်"
