= The Bad Guy's Sam =
Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.
Unicode (hee-fei)
ဆောင်ဟွန်း အိပ်ရာကနေ နိုးလာတဲ့အချိန်ဆို ညနေတောင်ကျော်သွားပြီ။ တော်တော်လေးကို အိပ်ပျော်သွားခဲ့တာပဲ့။ ရေချိုး အဝတ်အစားလှဲကာ အောက်ထပ်ဆင်းလာခဲ့လိုက်တော့ ထမင်းစားဖို့တောင် အကုန်လုံးက အဆင်သင့်ဖြစ်နေကြပြီ။
" အာ...တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်အိုမားတို့လည်း ညစာစားဖို့ နောက်ကျကုန်ပြီ နှက်နှက်ချိုက်ချိုက် အိပ်ပျော်ခဲ့ခဲ့မိတယ် "
" မဟုတ်တာ သားဟွန်းရယ် အိုမားတို့လည်း သားနဲ့အတူတူ ထမင်းစားချင်တာကြောင့် စောင့်နေခဲ့တာ။ လာ ထိုင်တော့သား"
" ဟုတ်ကဲ့ အိုမားနီး"
" ဒီအိမ်ရဲ့ ထမင်းဝိုင်းကတော့ လိုတာထက်ကို ပိုပြီး ပြည့်စုံလွန်းတယ်။ကိုယ်က တစ်ယောက်ထဲနေပြီး ထမင်းစားချိန်ဆို ဆိုင်မှာပဲ့ စားဖြစ်တော့ ဒီလိုမိသားစု စုံစုံလင်လင်စားဖို့ဆိုတာ တော်ရုံနဲ့ မဖြစ်ခဲ့။
စားနေတုန်း ထမင်းပန်းကန်ထဲ ရောက်လာသည့် အသားပြား။ဟုတ်သား သူမေ့နေတာ။ ထမင်းစားခန်းကို ဝင်လာတုန်းက ဟီဆွန်းသူ့ကို ပြုံးပြနေတာကို အမှတ်တမဲ့ ကြည့်လိုက်မိပေမယ့် ချက်ချင်း အကြည့်ပြန်လွဲလိုက်တာ။အခု ထမင်းပန်းကန်ထဲ အသားပြားရောက်လာတော့မှ ထမင်းဝိုင်းမှာ ဟီဆွန်း ရှိတယ်ဆိုတဲ့တာ ပြန်သတိရတယ်။
" ကျေးဇူး"
လူကြီးတွေလည်း ရှိနေတော့ မစားဘူးလို့ ပြောလို့ကမဖြစ်သေး ။ ထမင်းစားနေတဲ့ တစ်လျှောက်လုံးလည်း သူ့ပန်ကန်ထဲကိုပဲ့ ဟင်းတွေ လာလာထည့်ပေးနေတယ်။ စားပြီးတာနဲ့ မိဘတွေကို အရိုအသေပေးကာ အပေါ်ထပ်တက်လာခဲ့လိုက်သည်။
