= The Bad Guy's Sam =
Unicode (hee-fei)
" နိုးပြီလား ဟွန်း "
အိပ်ယာနိုးနိုးချင်း ဟီဆွန်းရဲ့ အသံကို ကြားလိုက်ရသည်မလို့ ကြည့်လိုက်တော့ ကျွန်တော့်နံဘေးမှာ မှေးလေးထောက်ပြီး လာအိပ်နေသည့် ဟီဆွန်း။ အိပ်ချင်နေတဲ့ မျက်လုံးတောင် ပြူးသွားရတယ်။ အိပ်ယာပေါ်ကနေ ထ ထိုင်မလို့လုပ်တော့ ကုတင်ခေါင်းရင်းနဲ့ ခေါင်းနဲ့တစ်ခါ ဆောင့်မိသေးတယ်။
" အ့....နာလိုက်တာ"
" ဟော....ဒါက ဘယ်လိုဖြစ်ရတာလဲယ ဖြည်းဖြည်းထလည်း ရတာပဲ့လေ။အခုတော့ နာကုန်ပြီ "
ကျွန်တော့်ခေါင်းကို ကိုင်ပြီး ပွတ်ပေးနေသည့် ဟီဆွန်း
" အရမ်း နာသွားလား ဟွန်း"
" ဟင့်အင့် မနာဘူး။ ဒါနဲ့ မောင်က ဘယ်လိုဖြစ်ပြီး ဟွန်းအခန်းကို အစောကြီး ရောက်နေတာလဲ"
" အော်...ဒါကလား ဟီး....ညကတည်းကလေ"
" ဟမ်...."
ဘယ်လိုတောင် အသားယူမှုကြီးလဲ ။ညကတည်းက လာအိပ်နေတာတဲ့လေ။ပြီးတော့ ငါကရော ဟီဆွန်း လာအိပ်တာကိုတောင် မသိမောင်ကို အိပ်ပျော်နေတာလား။
" မောင်လေ ညက တစ်ယောက်ထဲ အိပ်နေရင်းနဲ့ ဟွန်းကို အရမ်း.....အရမ်း....အရမ်း.....လွမ်းလာလို့ ဟွန်းအခန်းထဲလာပြီး ဟွန်းအနားမှာ လာအိပ်နေတာ။ဒါလည်း အိပ်လို့မပျော်ဘူး။ အိပ်ပျော်နေတဲ့ ပိစိလေး မျက်နှာက မောင့်ကို အရမ်းဆွဲဆောင်နေတာလေ။အက်ဒီတော့ မောင်လည်း မအိပ်ဘဲ ထိုင်ကြည့်နေတာပေါ့"
" ဟမ်....."
မျက်လုံးပြူးပြီး တစ်ဟမ်တည်း ဟမ်နေသည့် ကျွန်တော့် အသဲလေး။ ကြည့်နေရတာနဲ့ကို အူတယားယားနဲ့ပင်။ပါးနှစ်ဖက်ကို ဆွဲကိုင်လိုက်ကာ