ကိုယ့်ကို ချစ်လား

688 74 8
                                    

= The Bad Guy's Sam =

= The Bad Guy's Sam =

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

Unicode (hee-fei)

ဆောင်ဟွန်း စိတ်ပျက်မိတာ အမှန်ပင်။ ကျွန်တော်သိပါတယ် ဒီကောင် မူးလာရင် ရစ်တတ်သည်ဆိုတာ သူနဲ့ စတွေ့သည့် နေ့တုန်းက တစ်ကြိမ်ခံခဲ့ရပြိးပြီလေ။အခုလည်း ပေါက်ကရသီချင်းတွေ ဆိုနေပြန်ပြီ။ ဒါပေမယ့် ဒီကောင်မူးနေသည့် အချိန်က ချစ်ဖို့ကောင်းလွန်းတယ်။ပါးနှစ်ဖက်နီရဲပြီး နှုတ်ခမ်းးကလည်း တထော်ထော်နဲ့ ကျွန်တော့ကို ရယ်ပြနေတယ်။အခုလည်း ကျွန်တော့်နံဘေးနားတိုးလာပြီး ကျွန်တော် ပေါင်ပေါ်လာအိပ်နေပြန်ပြီ။

" ဟီဆွန်း ထ အထဲ သွားအိပ်မယ်ထ"

" ဟမ်...အေ့...ပိစိလေးနဲ့အတူတူအိပ်ရမှ အထဲဝင်မယ် ဟိဟိ"

" ရစ်မနေနဲ့တော့ လာအထဲဝင်မယ် လာကူတွဲပေးမယ်"

" အထဲရောက်ရင်လေ ပိစိကို ဖက်အိပ်မယ်နော် "

ဘာမှပြန်မပြောချင်တော့ပါ သူ့ကိုအထဲရောက်အောင် အရင်ပို့ရမယ်။ခန္တာကိုယ်က အလေးကြီး မဟုတ်လို့တော်သေးသည်။ကျွန်တော့်ကျောပေါ်တက့ခိုင်းလိုက်တော့ မျောက်တစ်ကောင်လို လက်တွေရော ခြေထောက်တွေနဲ့ပါ တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားပြန်သည်။ကျွန်တော်မှာလည်း သက်ပြင်းချရုံမှတစ်ပါး။ဒီကောင်ကို အခန်းထဲရောက်အောင် ပိုးလာခဲ့ရသည်။သောက်စေမိတဲ့ ကျွန်တော့်အပြစ်ပါ။ သူကလာမေးတာကိုး ကိုသောက်လို့ရမလားလို့။ ကျောင်းသားတွေအကုန်လုံးသောက်နေကြလို့ မသောက်နဲ့လို့လည်း မတားချင်။

ဒီကောင် မူးလာရင် ပါးစပ်ပေါက်လည်း အငြိမ်မနေပါ။ကိုယ့်မှု သူ့ကို ချီထားရလို့ လေးနေပါတယ်ဆိုမှ ပါးစပ်ကလည်း ပွစိပွစိနဲ့ ပေါက်ပေါက်ဖောက်လို့မပြီးတော့ဘူး။

𝙱𝚊𝚍 𝙶𝚞𝚢'𝚜 𝚂𝚊𝚖 // Heehoon (Complete)Tahanan ng mga kuwento. Tumuklas ngayon