ငါလည်း မင်းကိုချစ်တယ် ဟီဆွန်း

1K 103 22
                                        

= The Bad Guy's Sam =

= The Bad Guy's Sam =

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

Unicode (hee-fei)

ချီးပဲ့.....ငါပါးစပ်ထွက်ရာ ပြောမိတာကို အတည်ထင်သွားပြန်ပြီ သူက။ငါချစ်နေတယ်ဆိုတာလည်း သိရဲ့သားနဲ့ ဒါလေးပြောမိလိုက်တာကို ထွက်သွားစရာလား။ စတာပါ လို့ လယအနောက်က လိုက်ပြီး ပြောရအောင်လည်း မဖြစ်သေး ရှက်စရာကြီး။ဒီညတော့ ထားလိုက်ပါတော့ မနက်ကျမှ တစ်နည်းနည်းနဲ့ ချော့တော့မယ်။

အိပ်ပြန်တော့လည်း ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ ဟီဆွန်း ကို ဘယ်လိုချော့ရမလဲ ဆိုတာ စဥ်းစားနေရင်းနဲ့ အိပ်လို့တောင် မပျော်ဘူး။

မနက်ရောက်တော့လည်း သူ့ထက်အရင် ထမင်းစားခန်းကို ရောက်နှင့်နေသည့် ဟီဆွန်း။ဒီလိုကျတော့လည်း အစောကြီးနိုးနေပါလား။အရင်နေ့တွေဆို ကျွန်တော့်ကို မြင်တာနဲ့ Morning လို့ နှုတ်ဆက်တက်သည့် ဟီဆွန်းက အခုကျတော့ အဖက်တောင်မလုပ် ဘူး။ကျွန်တော် ဝင်လာတာကို တစ်ချက်မော့်ကြည့်ပြီးတာနဲ့ သူ့မနက်စာကို သူပြန်စားနေတာလေ။တကယ်ကြီး ကျွန်တော် သူ့ကို မချစ်ဘူးလို့ထင်နေတာလား မသိဘူး။

စားပြီးပြန်တော့လည်း ကျွန်တော့်ကို ခဏလေးတောင်မစောင့်ပြန်ဘူး။ ကျွန်တော်ပဲ့ အမြန်စားပြီး သူ့နောက်ကို လိုက်ရတယ်။ဒီလိုနဲ့ပဲ့ ကျောင်းကိုသွားသည့်တစ်လျှောက်လုံးလည်း ဘာစကားမှ မပြော။ စကားမပြောဘဲ တိတ်နေတော့လည်း ကျွန်တော်က မနေတတ်ပြန်။ဟော....အခုကျောင်းကိုရောက်ပြန်တော့လည်း နှုတ်တောင်မဆက်ဘူး ဆင်းသွားတယ်။

" ဟီဆွန်း"

" ..... "

" စာသေချာလိုက်ကြည့်နော် အတန်းထဲမှာ"

𝙱𝚊𝚍 𝙶𝚞𝚢'𝚜 𝚂𝚊𝚖 // Heehoon (Complete)Место, где живут истории. Откройте их для себя