ပိစိက ဘယ်သူလဲ အိုပါး

768 77 16
                                    

= The Bad Guy's Sam = Unicode

= The Bad Guy's Sam = Unicode

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

by (hee-fei)

ဒီနေ့ဟာ ကျောင်းပိတ်ရက်ဖြစ်နေလို့ ဂျယ်အီကို shopping လိုက်ပေးမယ်လို့ ကတိပေးထားတယ်။ပိစိလေးနဲ့ တစ်နေကုန် အိမ်မှာ အတူတူ အချိန်ဖြုန်းချင်ပေမယ့် ဂျယ်အီနဲ့လည်း စကားက ပြောပြီးသာ ဖြစ်နေတော့..... ။

နေ့လည်ပိုင်းတစ်ပိုင်းလုံးလည်း ဂျယ်အီသွားရာ နောက်တကောက်ကောက်လိုက်ပေးလို့ပြီးတာနဲ့ အိမ်ပြန်မလို့ ကားလှည့်တုန်းရှိသေးသည်။ဂျေက bar သွားမယ်လို့ ဖုန်းဆက်လာပြန်တယ်။မပြီးတော့ဘူး သူတို့စောက်လုပ်တွေပဲ့ လိုက်လုပ်ပေးနေရတယ် ငါ့မှာလည်း ။ bar ရောက်တော့လည်း မသောက်ဖြစ်ပါဘူး။ အိမ်မှာ ပိစိလေးလည်း ရောက်နေပြီဆိုတော့ သူဆင်ခြင်သင့်တာတွေ ဆင်ခြင်ထားရမယ်။

" ဟီဆွန်း မင်းဘာလို့မသောက်ဘဲ ဒီအတိုင်း ထိုင်နေတာလဲ"

" သောက်လို့မဖြစ်ဘူးဟ အိမ်မှာ ပိစိလေးရောက်နေပြီ။ ငါအသက်မပြည့်သေးတာ သူသိတယ်။ငါသောက်လို့ မဖြစ်ဘူး သူစိတ်ဆိုးလိမ့်မယ် ငါ့ကို"

" ဟ့....မင်းက ဆရာ စိတ်ဆိုးမှာကို ကြောက်တယ်။ မင်းနဲ့ ဆရာနဲ့က ရည်းစားတွေမှ မဟုတ်တာ ဘာလို့ကြောက်နေတာလဲ"

" ဟိတ်ကောင် မင်မသိဘဲ လျှောက်မပြောနဲ့ ကြောက်တာ မဟုတ်ဘူး ချစ်တာကွ ချစ်လွန်းလို့လေ ရူးတော့မယ်"

" ပိုကိုပိုတယ် အက်တာဆို ဂျယ်အီကရော"

" ဂျယ်အီကိုလည်း ငါချစ်တာပဲ့လေ"

" ငါ....ဆောင့်ကန်လိုက်ရ မင်းဒီလိုလုပ်လို့ရလား ငါပြောတယ်နော် တစ်ယောက်ပဲ့ရွေးလို့"

" အခုချိန်မှာ ငါမရွေးနိုင်သေးဘူးဟ ဂျယ်အီနဲ့ ငါနဲ့တွဲတာ မင်းသိတဲ့အတိုင်းပဲ့ ဘယ်လောက်ကြာနေပြီလဲ ငါမဖြတ်နိုင်သေးဘူး"

𝙱𝚊𝚍 𝙶𝚞𝚢'𝚜 𝚂𝚊𝚖 // Heehoon (Complete)Dove le storie prendono vita. Scoprilo ora