Road Trip

729 62 38
                                    

Unicode

"Jimin ahh လူတွေအကုန်စုံပြီလား?"

"Nae hyung အကုန်စုံပြီ"

"အဲ့တာဆိုအထုပ်တွေကားပေါ်တင်လိုက် ပြီးရင်သွားမယ်"

"Nae Taehyung ahh Jungkook ahh
ငါ့ကိုလာကူဉီး"

"လာပြီ"

နွေရာသီ အားလပ်ရက်ဖြစ်ပြီး ကျောင်းတွေ
လည်းပိတ်တာ​ကြောင့် ကောင်လေးခုနစ်ယောက်ပါဝင်သည့် အုပ်စုသည် ဘူဆန်သို့
ခရီးထွက်ရန်ပြင်နေကြခြင်းပင် ဖြစ်သည်။

"ကဲ အကုန်စုံပြီဆိုတော့ သွားကြမယ်ဟေ့"

Toyota Highlanderကားလေးထဲတွင်
အရှေ့ခန်းရှိ ကားမောင်းသူနေရာ၌ Kim
Namjoonရှိပြီး သူ့ဘေးတွင်တော့ အကြီးဆုံး
ဖြစ်သော Kim Seokjinရှိသည်။

အလယ်ရှိခုံတန်းတွင်တော့ Min Yoongiနှင့်
Jung Hoseokရှိကာ နောက်ဆုံးခုံတန်းတွင်
တော့ Maknaeသုံးယောက်ဖြစ်သော Park
Jimin, Kim Taehyung နှင့် Jeon Jungkookတို့ထိုင်ကြသည်။

"Hyung မုန့်စားမလား?"

Jungkookကသူ့ဘေးတွင်ရှိသော Taehyungကိုမေးလိုက်သည်။

"အွန်း စားမယ်လေ"

"ခဏလေး hyung ကျွန်တော်ယူပေးမယ်"

"ဟေ့ရောင် မသိရင်ငါက ကိုယ်ပျောက်နေသလိုပဲ ငါလည်းစားမှာပေါ့ဟ"

Taehyung၏ဘေးတွင်ရှိသော Jiminက
မကျေမနပ်ဖြင့်ထပြောသည်။

"ယူပေးပါ့မယ် hyungရယ်"

"အာလူးကြော်ပဲစားမှာနော်"

"ဟုတ်ကဲ့ပါ!!!!!"

"အဟားဟား မင်းအော်တာကြီးက ငါအူတက်"

အနောက်ခန်းတွင်ရှိသောသူ သုံးယောက်က
တော့ ဂယက်တွေထနေသော်လည်း
အလယ်ခန်းရှိ နှစ်ယောက်မှာ တစ်ယောက်က
အိပ်နေပြီး နောက်တစ်​ယောက်ကတော့
သီချင်းနားထောင်ပြီး ဒွန့်နေသည်။

အရှေ့ခန်းရှိhyungနှစ်ယောက်ကတော့
စကားပြောနေကြသည်။

2နာရီခန့်ကြာပြီးနောက်

"Hyungမရောက်သေးဘူးလား"

Taehyungမှအနည်းငယ် ပင်ပန်းနေသည့်
လေသံဖြင့်ပြောသည်။

"ရောက်တော့မှာပါ Taeလေးရဲ့ နောက်
တစ်နာရီလောက်မောင်းပြီးရင်ရောက်ပြီ
Hyungတို့ကအခုဖြတ်လမ်းကနေလာတာ"

BTS // Horror One Shot Stories ✔︎Where stories live. Discover now