Unicode
သူတို့အကုန်လုံး စင်္ကြန်၏တစ်ဖက်ဆုံးတဲ့အထိလျှောက်သွားတော့ တံခါးတစ်ချပ်
ထပ်တွေ့သည်တံခါးဖွင့်ပြီးဝင်လိုက်တော့ ဘီဒိုတချို့ရှိသော
အခန်းတစ်ခုပင်အခန်း၏အဆုံးတွင် နောက်ထပ်တံခါးတစ်ခုရှိနေသည်
တံခါးကိုဖွင့်ပြီးဝင်လိုက်တော့ စာကြည့်တိုက်တစ်ခုရှိသော အခန်းတစ်ခုဖြစ်နေသည်
တချို့စာအုပ်စင်တွေရှိတဲ့နေရာကို
သစ်သားဖြင့်ပြုလုပ်ထားသည့် ဇကာပေါက်ပုံစံအကာအရံကိုတပ်ဆင်ထားသည်စာကြည့်တိုက်၏အဆုံးရှိတံခါးကို လှည့်ဖွင့်လိုက်တော့ ေလှကားတစ်ခုကစောင့်ကြိုနေသည်
မှောင်မဲလွန်းသောကြောင့် သူတို့ရဲ့ဖုန်းတွေကိုထုတ်ပြီး flashဖွင့်ထားရ၏
လှေကားတစ်လျှောက်တက်ပြီးနောက် တွေ့ရသော တံခါးတစ်ချပ်ကိုဖွင့်လိုက်သောအခါ
Hallခန်းကျယ်ကြီးတစ်ခုကိုတွေ့လိုက်ရသည်ထိုhallခန်း၏အဆုံးတွင်တော့ စင်္ကြန်ရှည်တစ်ခု
Hoseokနဲ့Yoongiမှာတစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်မိကြသည်"တစ်ခုခုတော့မှားနေပြီနော်"
"အေး ငါလည်းအဲ့လိုပဲထင်နေတယ်"
"ဒါငါတို့ခုနကဝင်ပုန်းတဲ့hallခန်းမလား"
"Taehyungပြောတာမှန်သလိုလိုပဲ"
"မှန်သလိုလိုပဲမဟုတ်ဘူး မှန်ကိုမှန်နေတာ ဟိုမှာကြည့် ငါတို့တံခါးကိုခုဖို့သုံးခဲ့တဲ့ခုံ"
Yoongiလက်ညိုးထိုးပြသည့်နေရာကို သူတို့
ကြည့်လိုက်တော့ အမှန်ပင် သူတို့သုံးခဲ့သည့်
ခံုနှင့်တစ်ပုံစံထဲပင်အညိုရောင်ကျွန်းသားဖြင့် ပြုလုပ်ထားပြီး
90ပြည့်နှစ်နှောင်းပိုင်းလောက်က ပရိဘောဂ
များပုံအခြေခံထားသည့် ထိုင်ခုံကို
မမှတ်မိစရာအကြောင်းမရှိ"ဘာတွေဖြစ်နေတာလဲ ငါတို့အဲ့နေရာကိုပြန်ရောက်နေတယ်ဆိုတာမဖြစ်နိုင်တာ အဲ့hallခန်းကိုဝင်တဲ့အပေါက်က ငါတို့ပြေးဝင်လာတဲ့ဟာတစ်ခုပဲရှိတာလေ"
YOU ARE READING
BTS // Horror One Shot Stories ✔︎
HorrorWelcome to my nightmare I think you're going to like it! Start date - 25.12.2021 End date -28.1.2022 Both Unicode and Zawgyi Written in Burmese Language