Unicode
ညဆယ့်တစ်နာရီခွဲခန့်
Yoongiတစ်ယောက် ဗိုက်ဆာတာကြောင့်
အောက်ထပ်ကိုဆင်းလာသည်ထို့နောက် မီးဖိုချောင်ထဲသို့ဝင်ကာ ဝင်မွှေ
နေသည်စားသောက်ပြီးသောအခါ အပေါ်ထပ်သို့
ပြန်တက်ရန်လုပ်နေစဉ် ဧည့်ခန်းတွင်
TVထိုင်ကြည့်နေသော Taehyungကိုတွေ့
လိုက်ရသည်။"အာ Taehyung ahh မအိပ်သေးဘူးလား"
Taehyungက သူ့ကိုလှည့်ကြည့်သည်
"အာ Yoongi hyungပဲ မအိပ်သေးပါဘူး
ကျွန်တော်လုပ်စရာရှိသေးလို့""ဒီချိန်ကြီးဘာလုပ်မလို့လဲ"
"အာညီး ဘာမှမဟုတ်ဘူး"
Taehyung၏ ထူးဆန်းနေသောပုံစံကြောင့်
Yoongiမျက်မှောင်ကြုတ်လိုက်မိသည်"အာ ဒါနဲ့ Yoongi hyung"
"အွန်း"
"လက်ချောင်းကိုဖြတ်ခံရတဲ့အခါ ဘယ်လို
ခံစားရလဲသိချင်လား"Taehyung၏ မေးခွန်းကြောင့် Yoongiတစ်
ယောက် ကြောင်တောင်တောင်ဖြစ်သွားသည်"အမ် မသိဘူးလေ ဘာလို့တုန်း"
"အရင်ဆုံး hyungလက်ရဲ့ အပေါ်ယံအရေပြားကပြတ်သွားမယ် ပြီးရင်တော့
အသားထဲကနေ အရိုးပေါ်လာလိမ့်မယ်ပြီးရင် အဲ့အရိုးကတဖြည်းဖြည်းချင်း ပြတ်
သွားတာကိုခံစားနေရလိမ့်မယ် နောက်ဆုံး
ကျတော့ hyungလက်ကဘာခံစားချက်မှ
မရှိတော့ပဲနဲ့ သွေးတွေပဲစီးကျနေလိမ့်မယ်"Taehyungရဲ့ အဖြေကြောင့် Yoongiမျက်လုံးပြူးသွားရ၏
ဒီလောက်သွေးပျက်စရာကောင်းတဲအရာကို
ဘယ်လိုများ မျက်နှာတစ်ချက်မပျက်ပဲ
ပြောနိုင်တာပါလိမ့်"Good nightပါ Yoongi hyung"
"ဟမ် အော် အေး good night Taehyung"
Taehyungကိုနှုတ်ဆက်ပြီး အပေါ်ထပ်သို့
သာတက်လာခဲ့လိုက်သည်စိတ်ထဲတွင်တော့ Taehyung၏စကားများ
ကြောင့် ဘာရယ်မဟုတ် အနည်းငယ်လေးလံ
နေသည်။ညသုံးနာရီခန့်
Yoongiအိပ်နေတုန်း သူ့လက်ကိုလာထိသော
တစ်စုံတစ်ခုကြောင့် လန့်နိုးလာရသည်။
YOU ARE READING
BTS // Horror One Shot Stories ✔︎
TerrorWelcome to my nightmare I think you're going to like it! Start date - 25.12.2021 End date -28.1.2022 Both Unicode and Zawgyi Written in Burmese Language