Unicode
နောက်တစ်နေ့မနက်
"အာ Taehyung ahh အစောကြီးနိုးနေတာလား"
သူ့ဘေးတွင်လာထိုင်ကာ သူ့အားစိုက်ကြည့်
နေသော Taehyungကို Jiminမှမေးလိုက်ခြင်းပင်ဖြစ်သည်။Taehyungက Jiminကိုခဏတာ စိုက်ကြည့်
ပြီးနောက်ပြန်ဖြေသည်။"အွန်း Jimin"
"ထူးထူးဆန်းဆန်း အရင်ကငါနိုးရင်တောင်
မနိုးတတ်တဲ့မင်းက ဒီနေ့ကြမှအစောကြီးနိုး
နေပါလား""ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲ နိုးနေတာပါ"
Taehyungကသူ့အားပြုံးပြရင်း ပြန်ဖြေသည်
Jiminစိတ်ထဲတွင် ဘာလို့မှန်းမသိ Taehyung၏ အပြုံးက ကြက်သီးထစရာကောင်းသည်ဟု ထင်နေမိသည်။
စိတ်ထင်တာပါဟုသာ တွေးလိုက်ရင်း မျက်နှာသစ်ပြီး မနက်စာစားဖို့သာပြင်လိုက်သည်။
At ထမင်းစားပွဲဝိုင်း
"အာ Maknaeတွေပါလား လာကြ hyung
မနက်စာလုပ်ပေးထားတယ်"Jin htungက အေပရွန်ကြီးဝတ်ကာ ဒယ်ပြား
ကိုကိုင်ထားရင်းနဲ့ ပြော၏သူတို့အကုန်လုံးလည်း ထမင်းစားပွဲတွင်ဝင်
ထိုင်လိုက်ကာ မနက်စာစားကြတော့သည်"Jungkook ahh ဒါလေးကောင်းတယ်
စားကြည့်"Taehyungက Jungkook၏ ပန်ကန်းထဲသို့
sausageတစ်ခုကို တူဖြင့်ညှပ်ကာ ထည့်ပေး
လိုက်သည်Jungkookအပါအဝင် အကုန်လုံးက မယုံနိုင်
သောအကြည့်တွေဖြင့်သာ"ဝါးးးး Kim Taehyung နောက်ဆုံးတော့
မင်းအဲ့ကောင်ကို အဖတ်ပြန်လုပ်ပြီပေါ့"Yoongi ကရယ်ရင်းနဲ့ဝင်ပြောသည်
"အခုဆိုရင်တော့ Jeon Jungkookအတွက်
ရွှေရောင်နေ့ရက်တွေရောက်လာပြီပေါ့ကွာ"Namjoonကလည်း Jungkook၏ ပခုံးကို
ပုတ်ကာပြောသည်Jungkookရဲ့ မျက်နှာကြီးကတော့ မှိုရထား
သလိုပြုံးဖြီးလို့နေသည်။"Taehyung ahh မင်းကြည့်ရတာအရမ်းထူးဆန်းနေသလိုပဲ"
Jiminက အနည်းငယ်ခပ်တွေးတွေးရှိဟန်
ဖြင့်ဝင်ပြောသည်
YOU ARE READING
BTS // Horror One Shot Stories ✔︎
TerrorWelcome to my nightmare I think you're going to like it! Start date - 25.12.2021 End date -28.1.2022 Both Unicode and Zawgyi Written in Burmese Language