Blood Hell (0.2)

330 41 5
                                    

Unicode




"ရောက်ပြီ"

အရှေ့ခန်းမှထွက်လာသည့် Jin hyung၏စကားကြောင့် သူတို့အကုန်
ကားအပြင်ဘက်ကိုကြည့်မိသည်။

သူတို့ရောက်နေသည့်နေရာမှာ အိမ်ကြီး
တစ်ခု၏ရှေ့တွင်ဖြစ်ပြီး ဘေးပတ်ပတ်လည်တွင်ဘာမှမရှိပဲခြောက်ကပ်နေသည်။


"Hyung ဘေးအိမ်တွေကမရှိဘူးလား"

"အော လူတွေကမနေရဲကြဘူးလေ"

"ဘယ်လောက်ထိတောင်
ကြောက်ဖို့ကောင်းလို့ပါလိမ့်"

Hoseokကပြောရင်းမျက်နှာကိုမဲ့လိုက်သည်

"လာပါ အထဲဝင်ကြမယ် လမ်းထဲမှာ
လူမရှိတုန်း"

Seokjin၏စကား​ကြောင့် သူတို့အကုန်လုံး လိုအပ်သည့်ပစ္စည်းများကိုယူပြီး အိမ်ထဲသို့ဝင်ရန်ပြင်ဆင်တော့သည်။

"ဘယ်လိုဝင်မလဲ hyung"

"ခြံစည်းရိုးကျော်ပေါ့ကွာ ဒါပဲရှိတာ"


Yoongiကပြောပြောဆိုဆိုဖြင့် အုတ်တံတိုင်းပေါ် လွှားခနဲခုန်တက်သွားသည်။

ကျန်တဲ့လူတွေကပါလိုက်တက်သွားပြီ ဖြစ်သော်လည်း Taehyungတစ်ယောက်
အခက်တွေ့နေ၏

"ဟေး Taehyung ဘာမှမဖြစ်ဘူး ခုန်ချလိုက် ငါဖမ်းထားပေးမယ်"

တစ်ဖက်ခြံထဲမှJungkookက
လက်နှစ်ဖက်ကို ဆန့်တန်းရင်း
ပြောသောကြောင့် Taehyungလည်းနှစ်ခါစဉ်းစားမနေပဲ ခုန်ချလိုက်သည်။

အင့် ခနဲမြည်သံနှင့်အတူ ရင်ခွင်ထဲရောက်လာ သည့် ကောင်လေး၏
ရွှေညိုရောင်ဆံနွယ်များကို အနမ်းခပ်ဖွဖွပေးလိုက်သည်ကိုတော့ ကာယကံရှင် Jungkookတစ်ယောက်သာသိလိမ့်မည်။



အိမ်ထဲသို့ဝင်ရသည်မှာ သိပ်မခက်ခဲလိုက်

ဒီလိုအိမ်ကြီးထဲကိုဘယ်သူမှမဝင်ရဲသည့်အတွက်ကြောင့် အထွေအထူးသော့မခတ်
ထားကြသောကြောင့်ပင်

ဒါကြောင့် ဖုန်တက်နေသည့် တံခါးလက်ကိုင်ကိုလှည့်ဖွင့်လိုက်ရုံသာ





"မဆိုးပါဘူး ဒီလောက်တော့ရှိရမှာပေါ့"



နှစ်ပေါင်းများစွာ လူမနေသောကြောင့် ခြောက်ကပ်နေသည့်အပြင် နေရာတိုင်းမှာ
ဖုန်အလိမ်းလိမ်းနှင့် ပင့်ကူမျှင်တွေရောယှက်နေသည်​့ အိမ်အတွင်းပိုင်းကိုကြည့်ရင်း Namjoonကမှတ်ချက်ပေးသည်။

BTS // Horror One Shot Stories ✔︎Where stories live. Discover now