Unicode
Bangtanဆေးရုံထဲရှိ နားနေခန်းတစ်ခုတွင်
အသက်ရှူလမ်းကြောင်းဆိုင်ရာအထူးကု
ဆရာဝန် Park Jiminနှင့် အထွေထွေရောဂါကုဆရာဝန် Jung Hoseokတို့မှာခေါက်ဆွဲပြုတ်စားရန်လုပ်နေသည်။
"Hyung ကြက်ဉတွေယူလာပြီလား"
"အေး ဒီမှာ ရော့"
Jiminသည် အိုးထဲသို့ရေဖြည့်လိုက်ပြီးနောက် ဂက်စ်မီးဖိုလေးပေါ်သို့တင်ကာ
ရေဆူလာရန်စောင့်နေသည်။ထို့နောက် တစ်ဖက်သို့လှည့်ပြီး ခေါက်ဆွဲထုပ်
များကိုဖောက်နေသည်။'ချလောက်'
"ဟင်"
နောက်ကျောဘက်မှ ချလောက် ဆိုသောအသံကိုကြားသောကြောင့် လှည့်ကြည့်မိရာ
ခုနလေးတင် ဖွင့်ခဲ့သောမီးဖိုက ပိတ်နေသည်"ဟမ် ဘာလားဟ ပျက်နေတာလား?"
သေသေချာချာစစ်ဆေးပြီးနောက် အိုးကို
ပြန်တည်ထားလိုက်သည်။"Hobi hyung မီးဖိုကိုလာပိတ်သွားတာလား?"
"ဟမ် မဟုတ်ပါဘူး ငါပန်းကန်တွေသွားယူတာလေ"
"အမ်"
"ဘာလို့လဲ Jimin ahh?"
"အာညီး ဘာမှမဟုတ်ဘူး"
Park Jiminမှာလည်းခေသူမဟုတ်
ဒီလောက်ဆိုလျှင် အခြေအနေကိုရိပ်မိပြီး
ဖြစ်သည်။"Hyung တခြားလူတွေကိုပါသွားခေါ်လိုက်
ပါလား တူတူစားလို့ရအောင်""အိုခေ ငါသွားခေါ်.................."
"Hoseok!!! Jimin!!!"
Hoseokတစ်ယောက် အပြင်သို့ထွက်ရန်
တံခါးကိုဖွင့်လိုက်စဉ် အခန်းထဲသို့ အတင်း
ပြေးဝင်လာသော ကျန်တဲ့ဆရာဝန်ငါးယောက်ကြောင့် လန့်သွားရသည်။"ဘာတွေဖြစ်လာကြတာတုန်း"
"ဟောဟဲ ဟောဟဲ သရဲ အပြင်မှာ"
"ဘာ သရဲ အားးးးးး"
Hoseokကသရဲဆိုတဲ့အသံကြားတာနှင့်
ဘေးကYoongiပေါ်တက်ခွတော့သည်။"ဟေ့ရောင် ဆင်းစမ်း ငါ့ပေါ်က"
YoongiကHoseokကိုအတင်းဖယ်ချသည်။
YOU ARE READING
BTS // Horror One Shot Stories ✔︎
HororWelcome to my nightmare I think you're going to like it! Start date - 25.12.2021 End date -28.1.2022 Both Unicode and Zawgyi Written in Burmese Language