Rise of Zombies

658 54 191
                                    

Unicode

A city၏မြို့လည်ခေါင်တွင်ရှိသော
တိုက်ခန်းလေးတစ်ခန်းထဲတွင် အချက်ပေး
ခေါင်းလောင်းသံများဆူညံနေသည်။

"တိုက်ခန်းတွင်းနေထိုင်ကြသူများ အားလုံး
ကျေးဇူးပြုပြီး ခရီးဆောင်အိတ်တစ်ခုအတွင်း၌ အရေးကြီးပစ္စည်းများထည့်ပြီး
ယူလာခဲ့ကြပါ။"

တိုက်ခန်းတွင်းရှိလူများကလည်း ဆင်းလာ
ကြသည်။

အချင်းချင်းတီးတိုးပြောနေကြကာ အခြေအနေကိုအကဲခတ်နေကြသည်။

"Namjoon ahh ငါတို့ကိုဘာလို့ခေါ်တာတဲ့
လဲ?"

Jung Hoseokအမည်ရှိသော ကောင်လေး
က သူ့ဘေးခန်းတွင်နေသော Kim Namjoon
အမည်ရှိကောင်လေးကိုမေးလိုက်ခြင်းပင်။

"ငါလည်းမသိသေးဘူး သူတို့ပြောနေကြတာ
တော့ ဒီနေရာကနေပြောင်းရမယ်လို့ပြောတာ
ပဲ ဘာလို့လဲတော့မသိဘူး"

"ရှုပ်နေတာပဲ အေးဆေးကိုမအိပ်ရဘူး"

Hoseok၏ဘေးခန်းတွင်နေသော Min Yoongiအမည်ရှိ ကောင်လေးက နံရံကိုမှီကာ
မျက်စိမှိတ်ထားရင်းပြောသည်။

"ဟ ဘာလို့ပြောင်းရမှာလဲ"

Namjoonရဲ့မျက်နှာချင်းဆိုင်အခန်းတွင်
နေသော Kim Seokjin ကထပြောသည်။

"ကျွန်တော်လည်းမသိဘူး hyung အရေး
ကြီးလို့ဖြစ်မယ်"

"အားလုံးပဲ ကားပေါ်ကိုတက်ကြပါ မြန်မြန်"

လုံခြုံရေးတစ်ယောက်က လော်နဲ့လှမ်းအော်သည်။

"ဒါနဲ့ Namjoon ahh ငါတို့အပေါ်ထပ်က
ကလေးတွေကိုမတွေ့သလိုပဲ"

"သူတို့ရှေ့ကားမှာ ပါသွားလောက်ပြီထင်
တယ်"

"အွန်း အဲ့လိုပဲဖြစ်မှာပါလေ"

သူတို့လေးယောက်လည်း ထွေထွေထူးထူး
မစဉ်းစားပဲ ကားပေါ်ကိုတက်လိုက်ကြသည်။

အကယ်၍ သူတို့သာ ငါးထပ်မြောက်က
အခန်းတစ်ခုထဲကိုသွားကြည့်ခဲ့လျှင်

ကုတင်ပေါ်၌ အိပ်မောကျနေသော ကောင်လေးသုံးယောက်ကို တွေ့ရမည်ဖြစ်သည်။

################################

Kim Taehyungတစ်ယောက် သူ့မျက်နှာပေါ်သို့ကျရောက်လာသော နေရောင်ခြည်ကြောင့်
အိပ်ရာကနေနိုးလာရသည်။

BTS // Horror One Shot Stories ✔︎Where stories live. Discover now