Supermarket

681 60 75
                                    

Unicode

တောင်ကိုရီးယားနိုင်ငံ Seoulမြို့ရှိတစ်နေရာ
တွင် Euphoriaအမည်ရှိ super market
အသစ်စက်စက်လေးတစ်ခုတည်ရှိသည်။

ဖွင့်ထားသည်မှာ မကြာသေးသောကြောင့်
Discountများ လျှော့ဈေးcouponများနှင့်
Buy one get oneအစီအစဉ်များလည်းရှိ
တာ​ကြောင့် ဈေးဝယ်သူတော်တော်များများ
နှစ်ခြိုက်စွာ လာရောက်ဝယ်ယူကြသော
နေရာလေးပင်ဖြစ်သည်။

ထိုမျှလောက် စည်ကားသောနေရာသည်
ညဘက်ရောက်လျှင်တော့ မည်ကဲ့သို့များ
ပြောင်းလဲသွားမလဲဆိုတာကတော့.............

################################

ညဆယ်နာရီခန့်

"အိုကေ ဒါဆိုရင်ညဆိုင်းဆင်းတဲ့လူတွေပဲ
ရှိတော့တာမလား"

"ဟုတ်ပါတယ် hyung"

Market၏မန်နေဂျာ Kim Namjoonရဲ့
စကားကို အလုပ်သင်ဝန်ထမ်းလေး Jeon
Jungkookမှအားရပါးရပြန်ဖြေသည်။

သူ့ဘေးတွင်ရှိသော Jung Hoseokမှာ အော်သံကြောင့် လန့်ကာတုန်တက်သွားပြီး

Kim Taehyungကတော့ အိပ်ချင်ပြေအောင်
ဆိုပြီး စတော်ဘယ်ရီသီးများကို စားနေသည်

"ဟုတ်ပြီ အဲ့တာဆိုရင် မင်းကခေါက်ဆွဲခြောက်ထုပ်တန်းဘက်မှာ stockလိုနေတာ
တွေကိုပြန်ဖြည့်လိုက်

Taehyungကတော့ Hoseokနဲ့တူတူ
သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကို stock
ပြန်ဖြည့်လိုက်"

"ဟုတ်ကဲ့ပါ Namjoon hyung" × 3



Namjoonတစ်ယောက် ဝန်ထမ်းများကို
စီမံခန့်ခွဲပြီးနောက် တစ်နေရာသို့ခြေလှမ်း
များကိုဉီးတည်လိုက်သည်။

ခဏကြာတော့ Namjoon၏ခြေထောက်အစုံ
မှာ supermarketရဲ့စားသောက်ဆိုင်တန်း
များဘက်က Spring day အမည်ရှိ
ဆိုင်လေးတစ်ခုရှေ့တွင် ရောက်နေသည်။

"Jin hyungရေ ကျွန်တော်ဝင်လာပြီနော်"

အသံပြုကာ ဆိုင်တွင်းသို့ဝင်သွားလိုက်သည်။

"အာ Joon ညနက်နေပြီကို မပြန်သေးဘူးလား"

ဆိုင်၏ မီးဖိုချောင်အတွင်းမှထွက်လာသော
ကျွန်ုပ်၏ အသည်းအသက်လေးဖြစ်သည့်
Kim Seokjin

BTS // Horror One Shot Stories ✔︎Where stories live. Discover now