The Hospital

592 51 65
                                    

Unicode

Bangtan အမည်ရှိဆေးရုံလေးတစ်ခုသည်
Seoulမြို့၏တစ်နေရာ၌တည်ရှိသည်။

ေဆးရုံလေးမှာ အသစ်ဖွင့်ထားတာဖြစ်၍
လာရောက်ပြသကြသော လူနာများက
နည်းပါးပေမယ့်လည်း ထိုဆေးရုံရှိဆရာဝန်
များမှာတော့ သဘောကောင်းကြသည်။

ယခုချိန်တွင်တော့ ထို့ဆေးရုံလေးတွင်
ညဆိုင်းဆင်းကြမည့်သူများဖြစ်သည့်

နှလုံးအထူးကုဆရာဝန် Kim Seokjin

အရိုးအထူးကုဆရာဝန် Min Yoongi

အထွေထွေရောဂါကုဆရာဝန် Jung Hoseok

အသက်ရှူလမ်းကြောင်းဆိုင်ရာအထူးကု
ဆရာဝန် Park Jimin

အလုပ်သင်ဆရာဝန်လေးများဖြစ်သော
Kim Taehyung နှင့် Jeon Jungkook

တို့သည် တာဝန်ကျရာဌာနအသီးသီး၌
အလုပ်လုပ်နေကြသည်။

###############################

ဆေးရုံ၏ ရုံးခန်းထဲတွင် ဆေးရုံအုပ်ကြီး
ဖြစ်သော Kim Namjoonသည် ညဆိုင်း
ဆင်းဖို့အတွက်အသင့်ပြင်နေသည်။

ပထမဆုံးအနေဖြင့် ဆေးရုံရဲ့အနောက်ဖက်
အဆောင်သို့ roundလှည့်ဖို့သွားသည်။

ကော်ရစ်တာတွင် လမ်းလျှောက်နေစဉ်
ရုတ်တရက် ဖျတ် ခနဲ မီးပျက်သွားသည်။

"ဟာ ဘာလားကွာ"

Namjoonတစ်ယောက် စိတ်ပျက်စွာရေရွတ်
ရင်း အိတ်ထဲတွင်အသင့်ရှိသော လက်နှိပ်
ဓာတ်မီးလေးကိုဖွင့်လိုက်သည်။

ဓာတ်မီးဖြင့် လိုက်ထိုးကြည့်မိသောအခါ
ကော်ရစ်တာအဆုံးတွင် ဆေးရူံအဝတ်အစား
ဖြင့်ရပ်နေသော လူနာတစ်ယောက်ကို
တွေ့လိုက်သည်။

ထိုလူနာကသူ့အား ကျောပေးထားသည်ဖြစ်
သောကြောင့် မျက်နှာကိုမမြင်ရပေ။

ညဘက်ကြီး လမ်းမှားထွက်သည်ဟုပဲထင်
မှတ်ကာ သတိပေးရန်လုပ်လိုက်သည်။

"ဟေး ဟိုရှေ့ကလူနာ ညဘက်ရောက်နေပါ
ပြီ အပြင်ကိုထွက်ခွင့်မရှိပါဘူး"

ထိုစဉ် Namjoon၏ဓာတ်မီးမှာ မီးမလာပဲ
ပျက်သွားသည်။

"ဟာကွာ ဒါလေးတော့မလုပ်ပါနဲ့ ကျေးဇူးပြုပြီး"

BTS // Horror One Shot Stories ✔︎Where stories live. Discover now