Dark hunters (end)

428 42 21
                                    

Unicode



ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် Wilsonလင်မယား၏ အိမ်ရှေ့တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ကားနက်ကြီး
များဖြင့်ပြည့်နှက်နေသည်။



(A/n ဒီနားကိုရေးနေရင်း မချိုကိုသွားသတိရမိတယ်😔)






ရုံးချုပ်၏ တာဝန်ရှိသူ Namjoonက
Taehyungနှင့်Jungkookဘေးနားကိုလာပြီး
စကားအနည်းငယ်ပြောသည်။


"မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ် ဒီနေရာကနေစပြီး ငါတို့ပဲတာဝန်ယူလိုက်ပါတော့မယ်"

"ရပါတယ် hyung အာ နောက်ပြီး
နှလုံးတွေက?"

Namjoonကခေါင်းတစ်ချက်ငြိမ့်ပြီး

"အဲ့တာတွေနဲ့ပတ်သက်ပြီးလည်း စုံစမ်းထားပါတယ် မပူပါနဲ့ အဖြေထွက်လာရင်
မင်းတို့ကိုပြောမှာပါ"

"ဟုတ်ပြီ Namjoon hyung ဒါဆို
ဘောက်ဆူးကိုဒီ​ေန့စီစဉ်ထားတယ်မလား?"

"ဘောက်ဆူး?"

Jungkook၏စကားကို Taehyungက
နားမလည်သလိုပြောတော့ Namjoonကရယ်သည်။

"မနေ့ညက Jungkookက hyungကိုလှမ်းပြောတယ်လေ ဒီမစ်ရှင်အတွက်ဘောက်ဆူးအနေနဲ့ Clos Maggiore မှာနှစ်ယောက်စာတစ်ဝိုင်း စီစဉ်ပေးပါတဲ့

အဲ့တာနဲ့hyungလည်း လုပ်ပေးလိုက်တယ်
အချိန်ကဒီည7နာရီလောက်ပဲ"

"မင်းကဘယ်သူနဲ့သွားdateမလို့လဲ"

မသိစိတ်ကအလိုကြောင့် Taehyungနှုတ်ခမ်းစူပြီးမေးလိုက်မိသည်။


"စဉ်းစားကြည့်လေ"

JungkookကTaehyungအမေးကို
ပြန်မဖြေပဲ မျက်လုံးတစ်ဖက်မှိတ်ပြပြီး
ထွက်သွားသည်။

"Hyung hyung အဲ့ကောင်ဘယ်သူနဲ့
သွားတွေ့မှာလဲ hyungသိလား?"

"Taehyungလည်းမကြာခင်သိမှာပါ
ကဲ hyungသွားတော့မယ် အလုပ်တွေ
ရှိသေးတယ်"

Namjoon hyungကပါသူမေးတာကိုမဖြေပဲ
ထွက်သွားသည်ကြောင့် Taehyungစိတ်အခြေအနေကပိုဆိုးသွားသည်


"အားးးး ရှီး​ဗားလ်"


Taehyungအော်ဟစ်ရင်း hunterများလက်ထဲမှ ကြိုးတုပ်ခံထားရသည့် skin walkerကို လက်သီးတစ်လုံးပစ်ကျွေးလိုက်သည်



BTS // Horror One Shot Stories ✔︎Where stories live. Discover now