Unicode
Ding Dong Ding Dong
အဆတ်မပြတ်ထွက်ပေါ်လာသည့်
တံခါးဘဲလ်သံကိုကြားတော့မှသူ့စိတ်များကမူလအခြေအနေကိုပြန်လည်ရောက်ရှိလာသည်။
မနက်5နာရီကြီးကို ဘယ်သူကများ?
သူတံခါးမဖွင့်ခင် ချောင်းကြည့်ပေါက်ကနေ
တဆင့် အပြင်ဘက်ကလူကိုကြည့်လိုက်သည်အပြင်ဘက်တွင်ရပ်နေသူမှာ ယောက်ျားတစ်ယောက်ဖြစ်သည်။
အန္တရာယ်အရိပ်အယောင်မမြင်ရတာကြောင့် သူတံခါးကိုဆွဲဖွင့်လိုက်၏
တံခါးဝရှိလူစိမ်းမှာ အနက်ရောင် leather jacket၏အောက်တွင် အဖြူရောင်t shirtတစ်ထည်ဝတ်ထားပြီး ဂျင်းဘောင်းဘီကို အနက်ရောင် combat bootsဖြင့်
တွဲဖက်ဝတ်ဆင်ထားသည်။စတိုင်ကျလှသော mullet hairကြောင့် Taehyungတစ်ယောက် ငေးခနဲတောင်ဖြစ်သွားရသည်။
"ကြည့်လို့ဝပြီလား"
"မဝသေးဘူး မဟုတ်ဘူး ဝပြီ ဟမ်"
ယောင်ယမ်းဖြေပြီးကာမှ ရှက်စိတ်ကြောင့်
မျက်နှာတစ်ခုလုံးရဲတက်လာသည်တစ်ဖက်လူကပြုံးစိစိဖြင့်ကြည့်နေရင်း
သူ့လက်တစ်ဖက်ကိုကမ်းလိုက်သည်။"ကိုယ့်နာမည်ကJungkook မင်းအရှေ့ကအခန်းမှာနေမှာ နောက်ပြီးကိုယ့်ကိုအိမ်ထဲမခေါ်ချင်ဘူးလား?"
ခုနကလက်ဆွဲနှုတ်ဆက်ရာတွင် သတိထားမိလိုက်သည့် လက်ကောက်ဝတ်မှ အမှတ်အသားကြောင့် Taehyungတုံ့ဆိုင်းနေခြင်းမရှိပဲ ထိုလူကိုအိမ်ထဲဆွဲသွင်းလိုက်သည်။
တံခါးလော့ချပြီးသည့်နောက်တွင်တော့
Jungkookဆိုသည့်လူက ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်အတည်တကျနေရာယူပြီးနေလေပြီ"မင်းကိုရုံးချုပ်ကလွှတ်လိုက်တာလား?"
"အင်း သူတို့ပြောတာတော့ ကိုယ်တို့နှစ်ယောက်အတွက်သီးသန့်မစ်ရှင်တစ်ခု
ရှိတယ်တဲ့"Taehyungလက်ကစားပွဲပေါ်ရှိ ဖုန်းထံသို့ရောက်သွားသည်။ ထို့နောက်နံပါတ်တချို့ကိုနှိပ်ပြီး တစ်နေရာရာကိုဆက်သွယ်လိုက်၏
YOU ARE READING
BTS // Horror One Shot Stories ✔︎
HorrorWelcome to my nightmare I think you're going to like it! Start date - 25.12.2021 End date -28.1.2022 Both Unicode and Zawgyi Written in Burmese Language