အပိုင်း-၁၅

2.8K 256 23
                                    

အေးစက်နေသည့်အခြေအနေနှင့်..ဝေးရမည့်အတွက်..ယခုအခြေအနေနှင့်ပင်မောင့်အားဂရုစိုက်မှုများစွာပေးပြီးဆွဲထားချင်မိသည်..

မောင်ပြောင်းလဲသွားခဲ့သည်မှာ..
မောင့်ရဲ့နွေးထွေးတဲ့အပွေ့အဖက်တွေရော..
နူးညံ့တဲ့အနမ်းတွေရော...ကျမအပေါ်မသက်ရောက်တော့တဲ့အထိ...

သူစိမ်းတစ်ယောက်သကဲ့သို့..
တစ်ခွန်းစနှစ်ခွန်းစစကားနည်းလာတဲ့မောင်..
အိမ်ပြန်နောက်ကျတတ်လာတဲ့မောင်..

မနက်စာကိုစကားတစ်ခွန်းမှမပြော၊ဖုန်းကြည့်ကာစားတတ်ပြီးညစာအားအပြင်ကစားတတ်လာခဲ့သည်..

အဲအပြုအမူတွေကိုစိတ်မကုန်မိတာဘာ့ကြောင့်လဲသိလား..မောင့်ကိုသိပ်ချစ်နေလို့..

"ဒီမှာထားခဲ့နော်..မောင်..အလုပ်ရှုပ်နေလို့.."

စာရွက်စာတမ်းများအားလှန်ကာဘေးနားစားပွဲအားလက်ညိုးထိုးပြကာပြောလာခဲ့သည်..

နေ့လည်စာပိူ့သည့်အချိန်တိုင်းမောင်လုပ်သည့်အပြုအမူတစ်ခု...

"မောင်..ဒီနေ့..အိမ်ပြန်နောက်ကျမှာလား.."

"အစည်းအဝေးရှိတယ်..၆နာရီလောက်မှပြီးမယ်ထင်တယ်.."

၆နာရီခွဲအနောက်ကျဆုံးအချိန်ဆိုတောင်..နောက်ကျတဲ့အချိန်သာပြန်လာတဲ့မောင့်ကိုဘယ်လိုမေးခွန်းထုတ်ရပါ့မလဲ...

အိပ်ချိန်နဲ့သာတိုးနေသောကြောင့်..
စကားမပြောရသည့်အချိန်ကနည်းလာသည်..

"ဟုတ်..Honey..ပြန်တော့မယ်နော်.."

"အင်း.."

~~~

ပုံမြောက်သွားသောအဝါရောင်မာဖလာလေးအားကြည့်ရင်းပြုံးနေမိသည်....
၁နှစ်ပြည့်Anni Dayတွင်ပြန်အဆင်ပြေမည်ဟုထင်သည့်ဂျဲန်းနီ..

~တီး~

အပြင်မှကားဟွန်းသံကြောင့်အံဆွဲထဲသို့အဝါရောင်မာဖလာလေးအားပြန်ထည့်ကာ..
အပြင်သို့ပြေးရပြန်သည်..

"မောင်..မူးလာတာလား.."

မူးသည့်အချိန်မောင့်အသံပုံမှန်မဟုတ်သည်အားကျမသိသည့်အပြင်ယခင်နေ့များထက်..ယနေ့သည်မောင်ကပိုမူးနေပုံရသည်..နေ့တိုင်းသောက်လာသည်မဟုတ်သောကြောင့်..တော်ပါသေးသည်လေ...

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now