အပိုင်း-၂၃

3.8K 314 33
                                    

တစ်နေ့တာအလုပ်များအနက်တွင်...ဟင်းချက်သည်နှင့်ပန်းပင်ရေလောင်းသည်မှလွဲ၍ဂျဲန်းနီအမေသည်ဂျဲန်းနီအားမည်သည့်အရာမှမခိုင်းချေ....

လယ်ကွင်းထဲတွင်အလုပ်လုပ်သော...သူမအိမ်ရှိအလုပ်သမားများအားထမင်းချိုင့်ပိူ့ရန်အတွက်..အိမ်ဖော်နှစ်ယောက်နှင့်အတူထမင်းဟင်းချကရသည်က.ဂျဲန်းနီရဲ့အလုပ်တစ်ခုပင်...

အခုလယ်ကွင်းသို့အလုပ်သမားများအတွက်ထမင်းချိုင့်ပို့ပေးသည်ဖြစ်၍ပြန်လာ၍..ပန်းပင်များရေလောင်းနေလေသည်...

ပန်းအိုးနှင့်သေချာစိုက်ပျိုးထားသောနှင်းဆီပန်းအနီလေးသည်အရောင်ကစူးရှစွာ...
အရွက်၊အဆူးတို့နှင့်ပြည့်စုံနေလေသည်မှာ...
မခူးရက်သည်ထိဖြစ်နေသည်အထိပင်...

"အချစ်.."

အိပ်မက်ထဲမှအသံသည်အပြင်ကမ္ဘာသို့ကူးစက်လာသည်လားမသိ...အသံသဲ့သဲ့လေးကြောင့်အနောက်သို့လှည့်ကြည့်လိုက်သည်နှင့်...

"မောင်..."

တစ်ကိုယ်တည်းကြားရုံမျှသာရေရွတ်လိုက်သည့်အသံ.

ပွေ့ဖက်ထားသည်...မောင်၏ရင်ခွင်သေးသေးလေးထဲကျမအားတင်းနေအောင်ဖက်ထားသည်.....

"မောင်...တောင်းပန်ပါတယ်ကွာ...အကြာကြီးပစ်ထားမိလို့.."

တောင်းပန်နေရအောင်မောင်မှားခဲ့တာမှမဟုတ်တာလေ...

"ရှင်..လွှတ်..."

တွန်းထုတ်လိုက်သည့်အတွက်ကျမအားမျက်ရည်အပြည့်နှင့်တွေတွေလေးကြည့်နေသောမောင့်မျက်ဝန်းများ...

"လူမှားနေတယ်ထင်ပါတယ်..."

အိမ်ထဲပြန်ဝင်သွားရန်ပြင်နေသောအမျိုးသမီးအားနောက်မှသိုင်းဖက်လိုက်သည်...သေးသေးကွေးကွေးသူမခန္ဓာကိုယ်လေးက..ကိုယ့်ကိုလွန်ဆန်နိုင်ရိုးလား...

"ရှင့်ကို..ကျမလွှတ်လို့ပြောနေတယ်မလား.."

"မောင်..တကယ်တောင်းပန်ပါတယ်ကွာ...ဘာမှမမှတ်မိလို့...မောင်သာမှတ်မိရင်...မောင့်မိသားစုလေးနဲ့ပျော်ပျော်နေရမှာမလား"

"ဟင့်အင်း...လွှတ်..ရှင်မှတ်မိလဲကျမကရှင့်ကိုပြန်လက်ခံမှာမဟုတ်ဘူး.."

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now