ကြို၍Bookingတင်ထားသောအခန်းသော့တို့အားယူပြီးသည်နှင့်ဟိုတယ်ဝန်ထမ်း၏လမ်းပြရာသို့လျှောက်လာခဲ့သည်..
Luggageအိတ်ထဲကအင်္ကျီတို့ပင်မထုတ်နိုင်ဘဲ..
လေယာဥ်စီးလာရ၍ပင်ပန်းသောကြောင့်လီဆာတစ်ယောက်ခြေပစ်လက်ပစ်အိပ်ပျော်သွားသည်..Other side
ဧည့်ခန်းထဲတွင်ထိုင်ကာ..ဖုန်းကိုင်၍..
လီဆာ့ဆီမှဖုန်းအားစောင့်နေသောဂျဲန်းနီ.."ဒီအချိန်ဆို..လေယာဥ်ဆိုက်သွားပါပြီ..ဘာလို့ဖုန်းမခေါ်တာလဲ.."
မနက်၉နာရီစထွက်သောလေယာဥ်သည်..
ညနေပိုင်း၄နာရီဆိုက်မည်ဟုသိသောကြောင့်..
၄နာရီမထိုးခင်ကပင်..ဖုန်းအားကိုင်၍..ဆိုဖာတွင်ထိုင်ကာစောင့်နေလေသည်.."မမလေးဂျဲန်းနီရှင့်..သခင်မကြီးကခေါ်ခိုင်းလိုက်လို့ပါ.."
"ဟုတ်..ကျမလိုက်ခဲ့ပါ့မယ်ရှင့်.."
အိမ်အပေါက်ဝမှပြောလာသည့်Maidတစ်ယောက်ကြောင့်...ဖုန်းအားစားပွဲပေါ်၌တင်ထားခဲ့ပြီးလျှင်..
အိမ်အသေးလေး၏တံခါးအားစေ့ရုံမျှသာပိတ်ခဲ့ပြီး...အိမ်အကြီးဘက်လာခဲ့သည်.."ဘာလုပ်နေတာလဲ.."
အိမ်ထဲရောက်သည်နှင့်ဧည့်ခန်းရှိမောင့်အမေ၏အသံမာမာပင်..အဆင်ပြေသည်ဟုထင်သော်လည်း..မောင့်အမေသည်မောင်စိတ်ဆင်းရဲသည်ကိုမမြင်ချင်သည်ကြောင့်ထင်ပါရဲ့..မောင့်ရှေ့တွင်ကျမအားကောင်းကောင်းမွန်မွန်ဆက်ဆံပြီး..မောင့်ကွယ်ရာကျပုံမှန်အတိုင်းပင်ပြောဆိုလေသည်....
"မောင့်ရဲ့ဖုန်းကိုစောင့်နေတာပါ.."
"အိမ်မှာနေတာ..ဘာမှမလုပ်ဘဲနေရအောင်..
မင်းကိုယ်မင်းအိမ်ထောင်ရှင်မတစ်ယောက်လို့ရော..ကိုယ့်ကိုကိုယ်သတ်မှတ်ရဲ့လား..""သမီး..အိမ်ကိုသန့်ရှင်းရေးလုပ်နေတာခုနကမှပြီး.."
"ဆင်ခြေဆင်လက်တွေပေးလိူက်တာ....
အခုညနေရောက်တော့မယ်..ငါ့သူငယ်ချင်းတွေအိမ်လာလည်မှာ..ညနေစာသွားချက်ချေ..၆နာရီအမှီပြီးပါစေ""ဟုတ်ကဲ့..အမေ.."
မီးဖိုချောင်ထဲသို့ဝင်သွားသောဂျဲန်းနီအားကြည့်ကာမစ္စမာနိုဘန်ပြုံးရင်း..
ဝင်ကူဖို့လိုက်ဝင်ရန်လုပ်နေသောMaidများအားလည်းတားကာ..တစ်ယောက်တည်းလုပ်ရန်ပြောထားသည်..

YOU ARE READING
So Far Away(ငြိတွယ်ခြင်း)[Complete]
Fanfiction."ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End Date-6.2.2022 #Zg "ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End...