နေ့တစ်နေ့၏အစပြုသည်မှာ.သူမ၏အနမ်းနှင့်....
အဆုံးသတ်သည်မှာသူမ၏အပွေ့အဖက်ပေ..~~~
"ဒီမှာ....မုန့်ရပါပြီ..နာဘီလေး..များများစားနော်..."
"ဟုတ်ကဲ့..အန်တီ..."
ဧည့််ခန်းတွင်စာအတူလုပ်နေသောအယ်လာနှင့်နာဘီ...
အထက်တန်းရောက်တော့မည်ဖြစ်၍အလယ်တန်းစာမေးပွဲအတွက်..အမြဲလိုလိုနှစ်ယောက်သားစာအတူတူလုပ်ဖြစ်ကြသည်...."မေမေ..သားနိုးပြီ..."
မျက်လုံးပင်မဖွင့်သေး..ကိုယ်ပေါ်တက်လာကာထိုင်၍ချွဲနေသော..လီယမ်အားပြန်ဖက်ထားလိုက်သည်..
"အာ..မမနာဘီရောက်နေတာဘဲ..ရှက်လိုက်တာ...မျက်နှာသွားသစ်တော့မယ်.."
အိပ်ယာထကာစပုံကြောင့်..အခြားသူမြင်မည်ကိုရှက်သွားသည့်ပုံဖြင့်..သူ့မျက်နှာအားအုပ်ကာအခန်းထဲသို့ဝင်ပြေးသွားသည့်ကြောင့်.ဂျဲန်းနီအပြင်အယ်လာတို့သူငယ်ချင်းနှစ်ယောက်ပါရယ်မိသွားလေသည်..
အသက်10နှစ်ကျော်ကျော်ရှိသောထိုကလေးမှာ...အရပ်ကအခြား10နှစ်အရွယ်ကလေးများထက်အနည်းငယ်ရှည်နေသည့်အပြင်...
ရုပ်ရည်သည်လည်းနိုင်ငံခြားသားရုပ်မျိုးဖြစ်သည်.."မေမေ..ဒီဒီမနိုးသေးဘူးလား..."
ခေါက်ဆွဲစပါကတီအားတူဖြင့်မွှေနေရင်းပြောနေသောလီယမ်အားဂျဲန်းနီနွားနို့တစ်ခွက်ထည့်ပေးရင်းစကားပြန်ပြောလိုက်သည်..
"သားငယ်ရဲ့ဒီဒီကဒီနေ့ပိတ်ရက်မို့အိပ်နေတာ"
"ဟာ..ဒါဘဲ..ဒီဒီကစည်းကမ်းတော်တော်ပျက်တယ်...
မနက်9နာရီကျော်အထိတောင်အိပ်တုန်း...
မေမေ..သား..ဒီဒီနဲ့ဘဲမနက်စာအတူစားတော့မယ်.ဒီဒီ့ကိုစောင့်လိုက်အုန်းမယ်နော်..""ဒီဒီ့ကနိုးသေးမှာမဟုတ်ဘူး..လီယမ်ရဲ့.."
"သားအခုစားလိုက်ရင်..ဒီဒီမနက်စာစားရင်တစ်ယောက်တည်းဖြစ်နေမှာပေါ့..."
လီယမ့်စကားကြောင့်သူမပြုံးလိုက်မိသည်..
လီယမ်သည်..သူ့၏ဒီဒီ့အားအချိန်ရှိသမျှကန့်လန့်တိုက်၍စနောက်၍နေတတ်ပေမဲ့..ဘယ်လောက်ထိချစ်သည်ဆိုသည်မှာ..သူမအသိဆုံး..

YOU ARE READING
So Far Away(ငြိတွယ်ခြင်း)[Complete]
Fanfiction."ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End Date-6.2.2022 #Zg "ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End...