"ဂျဲန်းနီ.."
"အစ်ကိုဆွန်းချွန်း.."
အပြန်အလှန်ပြုံး၍နှုတ်ဆက်နေကြတဲ့..
ခပ်ချောချောယောင်္ကျားလေးတစ်ယောက်နဲ့Honeyကြောင့်ကိုယ့်မျက်ခုံးတွေဟာတွန့်ချိုးပီးသား..
Honeyသူငယ်ချင်းတွေကိုကိုယ်အားလုံးသိပေမဲ့..သူ့ကိုတော့ပထမဆုံးမြင်ဖူးခြင်း.."သူငယ်ချင်းနဲ့လာတာလား.."
"မဟုတ်ဘူး..ကိုယ်ကသူ့ယောင်္ကျား..လာလီဆာမာနိုဘန်တဲ့.."
တင်းတင်းဆုပ်ထားသောလက်တစ်ဖက်အားမလွှတ်ပေးဘဲ...ဆိုလာတဲ့မောင်..သေချာပေါက်စိတ်ဆိုးတော့မည်ကိုကျမသိသည်..မောင်ကကျမကိုမိန်းကလေးတွေနဲ့စကားပြောရင်တောင်သဝန်တိုတတ်တာလေ..
"အော်.."
"Honey..သွားရအောင်.."
"ဟုတ်.."
ခြေလှမ်းကျဲကြီးများအားမှီအောင်လိုက်ရသည်မှာဂျဲန်းနီတစ်ယောက်အမှီလိုက်ရပြန်သည်..
"ဘယ်သူလဲ.."
အိပ်ခန်းထဲရောက်သည်နှင့်မေးသောစကားပင်..
"အသိအစ်ကိုတစ်ယောက်ပါ.."
"မောင်လည်းသူ့ကိုမသိရပါလား.."
ခါးထောက်ကာပြောနေသောမောင်၏မျက်နှာတွင်စိတ်အလိုမကျမှုများစွာပြည့်နေသည်..
"ဒီမြို့ကိုရောက်မှ..သိတာ.."
"မောင့်ကိုမပြောဘူးနော်.."
"အရေးမကြီးဘူးထင်လို့ပါ.."
"မင်း..ဘယ်သူနဲ့သူငယ်ချင်းဖြစ်လဲ..မောင့်ကိုပြောရမယ်လို့..မောင်ပြောထားတယ်မလား..ဘာလဲ..မောင့်စကားကိုအလေးမထားတော့တာလား"
"...."
"ဟာကွာ.."
ခေါင်းငုံ့ကာဘာမျှမပြောသောသူကြောင့်..လီဆာပို၍စိတ်တိုကာ..ဘေးရှိထိုင်ခုံအားကန်ပီးအပြင်ထွက်သွားလေသည်....
မောင်သိနေတယ်..အဲကောင်ရဲ့အကြည့်တွေလုံးဝမရိုးသားတာ..
သူနဲ့သူငယ်ချင်းဖြစ်နေတာကိုမောင့်ကိုမပြောပြလို့မောင်စိတ်တိုနေတာဆိုပေမဲ့..မင်းကိုဆုံးရှူံးရမှာပိုစိတ်ပူတယ်..Honey..

YOU ARE READING
So Far Away(ငြိတွယ်ခြင်း)[Complete]
Fanfictie."ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End Date-6.2.2022 #Zg "ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End...