"ဒီဒီ...ဟိုနေ့ကဒီဒီလှတယ်လို့ပြောတဲ့ဆရာမလေးက..ရည်းစားမရှိဘူးတဲ့..."
"အဟွတ်..ဟွတ်.."
မနက်စာအဖြစ်ခေါက်ဆွဲကြော်အားစားနေရာမှရှေ့ရှိကိုယ့်သားတော်မောင်ပြောလိုက်သည့်စကားကြောင့်...ခေါင်းဆွဲပင်လည်ပင်းထဲတစ်သွားရသည်..
ဘေးရှိမိန်းမဖြစ်သူကတော့..ခေါက်ဆွဲပန်းကန်ကိုဘဲစိုက်ကြည့်နေလေပြီ..
သေချာပေါက်စိတ်ဆိုးတော့မည်..အား..ဒီကလေးတော်တော်မွှေတာဘဲ...
အသက်၅နှစ်အရွယ်လီယမ်လေး...စကားကတော့အသက်အရွယ်နှင့်မလိုက်အောင်ပြောတတ်သည့်အပြင်....
အကျင့်တွေအကုန်ကတော့..သူ၏ဒီဒီနှင့်တစ်ပုံစံတည်း..."သားငယ်....မြန်မြန်စား.ကျောင်းနောက်ကျမယ်...မမတောင်ပြီးသွားပြီ..."
ပြောလည်းပြောဂျဲန်းနီသည်..ယူနီဖောင်းနှင့်တွဲဝတ်ရသောနက်တိုင်အားလီယမ်၏လည်ပင်းတွင်ချည်ပေးနေသည်..
"ဟုတ်..သားလဲပြီးပြီ.."
နွားနို့အားတစ်ကျိုက်တည်းမော့သောက်ကာ..
မောင်နှမနှစ်ယောက်ကားပေါ်တွင်စောင့်ရန်လက်ဆွဲ၍ထွက်သွားလေသည်.."Honey..ဟိုဟာကလေ.."
"တော်တော်ကြိုက်မှာပေါ့နော်.မောင်.သားငယ်ကျောင်းကဆရာမတွေကလှတော့..သွားကြိုရတာလဲတော်တော်ပျော်နေမှာပေါ့."
"မဟုတ်ဘူးလေ..Honeyရဲ့...အဲတာကမောင်ရှင်းပြမယ်..."
"ကလေးတွေကျောင်းနောက်ကျတော့မယ်..မြန်မြန်သွားပါတော့.."
ပြောပြီးပန်းကန်များသိမ်းနေသည်ကြောင့်..
ကားသော့အားယူကာထွက်လာခဲ့လိုက်သည်.."သားငယ်....ဘာလို့အဲလိုပြောတာလဲ.အခုသားမေမေ..ဒီဒီ့ကိုစိတ်ကောက်သွားပြီ."
"အာ..ဒီဒီကလည်း..သားက..သိစေချင်လို့ပြောပြတာလေ.."
လက်အားပိုက်၍နှုတ်ခမ်းထော်ကာပြန်ရန်တွေ့နေသောသားတော်မောင်..အပြစ်ကင်းသည့်ပုံဖမ်းသည်တော့100%တော်သည်...
"ညကျ..မေမေ့ကိုဝိုင်းကူရှင်းပြပေး..."
"မသိဘူး.."

YOU ARE READING
So Far Away(ငြိတွယ်ခြင်း)[Complete]
Fanfiction."ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End Date-6.2.2022 #Zg "ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End...