ရှေ့ကသူ့လက်ဖဝါးအားတယုတယဆေးထည့်ပေးနေသည့်အမျိုးသမီးအား.ကြည့်ပြီး..သူကိုယ့်ကိုကိုယ်နားမလည်နိုင်ဖြစ်မိသည်..ဘယ်လိုအတွေးကြောင့်များ..သူမနဲ့ကွာရှင်းဖို့တွေးခဲ့ပါလိမ့်ဟူသည့်အတွေး..
မောင့်ကမင်းကိုပစ်ထားခဲ့ဖို့လုပ်တာတောင်မောင့်ကိုဂရုစိုက်တုန်းဘဲ...
မုန်းတယ်လို့ပြောပေမဲ့..မင်းနှလုံးသားကမောင့်ကိုချစ်နေဆဲဆိုတာမောင်သိတယ်....
ရှုးသွပ်မှုတစ်ခုလား..
စွဲလန်းမိသွားတာလား...
အဆုံးအစမဲ့တာလား..
အရာအားလုံးကမောင့်စိတ်ထဲကဖြစ်နေခဲ့ပေမဲ့'အချစ်'ဆိုတဲ့မင်းရှိတဲ့ရပ်ဝန်းမှာတော့...
နွေးနွေးထွေးထွေးမောင်ရှိနေတယ်..."ချစ်တယ်....."
"..."
မကြားဟန်ပြုသွားသောသူမ...
ပါးပေါ်သို့ရောက်ရှိလာသောအနမ်းနွေးနွေးတစ်ပွင့်ကြောင့်ဖြစ်ပေါ်လောသော'O'သဏ္ဌာန်နီရဲရဲနှုတ်ခမ်းလေး...".."
စိတ်မထိန်းနိုင်ပါသောကြောင့်ထိုနှုတ်ခမ်းတို့အားငုံထွေးလိုက်မိသည်..
နူးညံ့မှုအပြည့်နှင့်ရင်ထဲတစ်သိမ့်သိမ့်ရယ်ပါ..
မျက်ဝန်းများအားမှိတ်စေ၍နှလုံးသားချင်းထပ်တူကျစေခဲ့သည်.....
သူမမငြင်းတော့ဘူး..ကိုယ့်အနမ်းတွေကို...~~~
"ရှင်..အော်..ထတော့..ဘယ်လိုဖြစ်လို့.."
မနက်ရောက်သည်နှင့်ထုံးစံအတိုင်းကျမကမောင့်ရင်ခွင်ထဲမှာ...နွေးထွေးသော်လည်းဘဲ..တစ်ကိုယ်လုံးကျစ်ကျစ်တောက်ပူနေသောကြောင့်...အမြန်ပင်နှိုးလိုက်မိသည်...
"ဟင်..."
တုန်ရီနေသောအသံဖြင့်ထူးလာသည့်သူ့မျက်လုံးကမပွင့်တပွင့်.....ထိုကိုယ်လေးအားထူပေးကာကုတင်ပေါ်သို့တင်ပေးလိုက်ပြီးစောင်အထူတို့အားထပ်ခြုံပေးလိုက်သည်..
သူမသိနေတယ်..ဒီကောင်မလေးနေမကောင်းဖြစ်တော့မယ်ဆိုတာ...
အိမ်အပြင်သို့ထွက်လာပြီးမနက်စာစားနေသည့်အဖေအား..လီဆာဖျား၍လယ်ထဲမသွားနိုင်ကြောင်းပြောကာ..ဆန်ပြုတ်အားသူမကိုယ်တိုင်ပြုတ်ပြီးအခန်းထဲသို့ယူလာခဲ့သည်..

YOU ARE READING
So Far Away(ငြိတွယ်ခြင်း)[Complete]
Fanfic."ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End Date-6.2.2022 #Zg "ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End...