ဂျယ်ဟီးကသူမအားခေါင်းပုတ်၍နှစ်သိမ့်ပေးရှာပါသည်..
ကလေးရှေ့တွင်တော့သူမမငိုချေ...."မေမေ...သမီး...ယူဂျင်းနဲ့စာသွားလုပ်မယ်နော်..."
"အင်း..သွားလေ..."
အခန်းထဲရှိအယ်လာလေး...လွယ်အိတ်ယူပြီးထွက်သွားမှဂျဲန်းနီငိုမိသည်...
စားပွဲအောက်မှစက္ကူပုံးတွင်ထည့်ထားသည့်..
ဓာတ်ပုံများသည်...လွှင့်မပစ်ရက်ခဲ့သော..
မောင်နှင့်ရှိခဲ့သည့်အမှတ်တရများ...ဘယ်လောက်အထိ..ဘယ်အတိုင်းအတာအထိ..မောင့်ကိုချစ်ခဲ့လဲမသိ...နာကျင်ခဲ့ရပေမဲ့...
အမှတ်မရှိသည့်နှလုံးသားသည်အခုန်မြန်တုန်း...တကယ်...မောင့်ကိုကျမမမေ့နိုင်သေးဘူး...
~~~
"ဘာလဲဟ..."
ရုတ်တရက်အခုန်မြန်လာသည့်နှလုံးသားရှိရာဘက်သို့ဖိပြီး...မျက်ရည်ဝဲနေသည့်မျက်ဝန်းများအားအဖြေရှာနေသည့်သူမှာ...လီဆာပင်...
"အား.."
ကျောခိုင်းသွားသည့်ကျောပြင်ကြောင့်...
စိတ်ထဲမှပေါ်လာသည့်အရိပ်အယောင်ကြောင့်ခေါင်းသည်ထိုးကိုက်လာခဲ့သည်..."လီဆာ...ဘာဖြစ်တာလဲ.."
"ငါ..နားချင်တယ်..ချယ်ယောင်း.."
"အင်း..ငါတွဲသွားပေးမယ်နော်.."
လီဆာ..အိပ်နေပေမဲ့စိတ်တော့..သူမနေ့လည်ကတွေ့ခဲ့တဲ့အမျိုးသမီးဆီမှာ...
သူတွေ့ခဲ့တဲ့နောက်ကျောပြင်ကအိပ်မက်ထဲမှအမျိုးသမီးနဲ့တူလွန်းနေသည်...မျက်နှာကြက်အဖြူအားကြည့်ရင်း..သူပြောလိုက်သည်က...
"သူကကလေးအမေမလား.ငါရှာနေတဲ့သူ.မဖြစ်နိုင်လောက်ပါဘူး.."
~~~
ပိတ်ထားသည့်အိမ်ကြီးသည်ဆိုဖာများအားပိတ်စအဖြူအားခြုံထားပေမဲ့လည်း..ဖုန်းအလိမ်းလိမ်းကပ်နေဆဲ..
"အဟွတ်..အဟွတ်.."
ချောင်းဆိုးနေသည်ကြောင့်..
အသင့်ပါလာသည့်Maskအားတပ်လိုက်ရင်း..
ငယ်ငယ်ရှိအမှတ်တရများရှိသောအိမ်ကြီးများအားပတ်ကြည့်လိုက်နေသည်..

YOU ARE READING
So Far Away(ငြိတွယ်ခြင်း)[Complete]
Fanfic."ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End Date-6.2.2022 #Zg "ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End...