[A/N-စာလုံးစောင်းအားအမဲနဲ့ထပ်ထားသော..
စာကြောင်းများသည်..အတိတ်များဖြစ်သည်]"ဟင်..မင်း..ဟိုမိန်းကလေးမလား.."
ကိုယ့်ကိုတွေ့ရင်အမြဲရှက်နေတတ်တဲ့မိန်းကလေး. အခုလဲကြည့်..ကိုယ့်ကိုတွေ့တာနဲ့ခေါင််းကြီးငုံ့ထားလို့...
မင်းကဘာလို့ကလေးမဟုတ်ဘဲချစ်ဖို့ကောင်းနေရတာလဲကွာ..
အရပ်ပုပုလုံးလုံးလေးနှင့်Shirtအဖြူအားဒူးအောက်ကိုယ်ကြပ်စကတ်ထဲထည့်ဝတ်ထားသည့်အပြင်...ဆံပင်အရှည်ကိုအမြင့်စီးထားတော့..ဖြူဆွတ်နေသောဂုတ်သားနှင့်လည်ပင်းသားတို့မှာငေးကြည့်စဖွယ်ကောင်းအောင်..
လှနေတော့သည်.."ဟေ့..မင်းကိုယ့်ကိုမမှတ်မိဘူးလား..ဟိုတစ်နေ့ကကိုယ့်ရဲ့ကားနဲ့မင်းတိုက်မိသလိုဖြစ်သွားတာလေ.."
"ဟုတ်..မှတ်မိပါတယ်..မင်္ဂလာပါရှင့်.."
ခေါင်းငုံရာမှတော့မမော့ဖြစ်ခဲ့..တစ်ခါလောက်တွေ့သည်နှင့်အချိန်ပြည့်အတွေးထဲတွင်သာမက..အိမ်မက်တစ်ခုလုံးကိုပါအပိုင်သိမ်းထားသည်..
ထို့အပြင်..သူ့အားမြင်သည်နှင့်အလိုက်မသိဘဲ....နှလုံးကအခုန်မြန်နေသေးသည်.."မင်းဆေးရုံကိုဘာလာလုပ်တာလဲ.တစ်ခုခုဖြစ်လို့လား..."
"သူငယ်ချင်းတစ်ယောက်ကလေးမွေးထားလို့..သတင်းလာမေးတာပါ.."
"ခေါင်းလေးမော့ပါအုန်းကွ..စကားပြောရင်..တစ်ဖက်လူကိုမကြည့်ဘဲပြောတာ..ရိုင်းရာကျတယ်နော်..မိန်းကလေး.."
".."
ထိုမှမော့လာသည့်မိန်းကလေးသည်..ကိုယ်နှင့်မျက်လုံးဆုံသွားသည်နှင့်ပုံမှန်ထက်တောက်ပနေသောမျက်လုံးကြောင့်လား..
ဒါမှမဟုတ်..သူမမျက်လုံးကဘဲညှို့အားပြင်းနေတာလား..တစ်စက္ကန့်..
နှစ်စက္ကန့်..
သုံးစက္ကန့်..ထိုအချိန်အနည်းငယ်သာဆုံမိသော..
မျက်ဝန်းညိုများ၌..
အညှာအတာမဲ့စွာ..
ကျမကျဆုံးခဲ့ဖူးသည်..

YOU ARE READING
So Far Away(ငြိတွယ်ခြင်း)[Complete]
Fanfic."ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End Date-6.2.2022 #Zg "ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End...