အပိုင်း-၂၀

3.3K 260 16
                                    

[Background Song-So Far Away]

အရာအားလုံး..ပေးထားတာမို့..
အပိုင်ယူသွားတဲ့အထဲမှာကျမနှလုံးသားလေးရောပါသွားပြီ...

အမှတ်တရတွေရောမောင်မေ့ပစ်လိုက်ပြီ..ဒါိ့ပေမဲ့ကင်မ်ဂျဲန်းနီဆိုတဲ့ဖြစ်တည်မှုက..
မောင့်အတွက်ဘဲဆိုတာသိရဲ့လား..
အတိတ်မှာရော၊အခုလက်ရှိရော၊နောက်နောင်ရော..

"သူများသားသမီးကိုယူထားပြီးမှ..အဲလိုပြီးစလွယ်လုပ်လို့ရသလားကွာ..တောက်.."

ကားထဲတွင်ဂျဲန်းနီအဖေ၏စကားသံသည်ဟိန်းထွက်လာသည်...
ပိန်ပိန်ပါးပါးနှင့်အရပ်ရှည်ရှည်ဖြစ်သည်..အသားအနည်းငယ်ညို၍..ပသိုင်းမွေးများရှိနေသည်မို့ချောခန့်တုန်းပင်..

"ရှင်ရယ်..စိတ်လျှော့ပါ.."

"ဘယ်လိုလျှော့လို့ရမလဲ...ငါတို့ကသမီးကအစွန့်ပစ်ခံလိုက်ရတာကွ..မင်းနည်းနည်းလေးမှစိတ်မတိုဘူးလား.."

"ကျမလဲစိတ်တိုတာပေါ့..ဒါမဲ့ဖြစ်ပြီးတာကဖြစ်သွားပြီဘဲ..ထားလိုက်ပါတော့..နော်..."

နောက်မှစကားသံများကြောင့်..ကားမောင်းနေသည့်အစ်ကိုဖြစ်သူက..ခေါင်းအားအသာပုတ်ပေးသည်..

"အဖေကဒီလိုဘဲသိတယ်မလား..ခဏနေရင်စိတ်ပြေသွားလိမ့်မယ်.."

"ဟုတ်..အစ်ကို.."

နီတာရဲကလေးလေးသည်..မျက်လုံးများအနည်းငယ်ဖွင့်စပြုလာပြီဖြစ်သည်..အနှီးထုတ်ထဲရှိ..သမီးလေးအားအသာဖက်ထားကာ..လမ်းတစ်လျှောက်ရှိလယ်ကွင်းစိမ်းစိုစိုများသာကြည့်နေလိုက်သည်..

ကောင်းကင်ပြာကြီးနှင့်လယ်ကွင်းစိမ်းများသည်..မိုးနှင့်မြေဖြစ်သော်လည်း..လိုက်ဖက်၍ပနံသင့်စွာတည်ရှိနေလေသည်..

~~~

"မာမီ..ဘန်ဘန်ရေဆာတယ်..."

"သားငယ်..ရေဘူးလေးသွားဝယ်ပေးပါ.."

"ဟုတ်..မာမီ.."

လေယာဥ်ကွင်းရှိနားနေခန်းတွင်....လေယာဥ်ထွက်မည့်အချိန်အားစောင့်နေသော..လီဆာတို့မိသားစု...

ရေဆာသည်ဆိုသောလီဆာကြောင့်သူအစ်ကိုငယ်သည်..အမြန်ပင်ပြေးထွက်သွား၍ရေဘူးဝယ်ရန်သွားသည်...

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now