"တောင်းပန်ပါတယ်..ကလေးလေးရယ်..
မေမေ..ကလေးကိုခုတုံးတစ်ခုအနေနဲ့ဘဲမြင်မိခဲ့လို့.."ဗိုက်ကလေးပေါ်လက်တင်ရင်းသူမဆိုမိသည်..
ကလေးကိုသူမထိုသို့ဘဲမြင်ခဲ့မိသည်လေ.."ဂျဲန်းနီရေ..ထမင်းစားမယ်.."
"ဟုတ်ကဲ့..အစ်မ.."
တံခါးခေါက်ကာလာခေါ်သည့်အစ်မဂျီဆူးအးပြန်သံတစ်ချက်ပေးကာ..ကလေးအတွက်ထိုးလက်စဆွယ်တာလေးအားစားပွဲပေါ်တင်ထားရာမှ..အံဆွဲသို့ပြောင်းထည့်လိုက်သည်...
"အားမနာနဲ့သိလား..များများစား..ကိုယ်ဝန်သည်ဆိုတာအားရှိအောင်နေရတယ်.."
"ဟုတ်ကဲ့..အစ်မ.."
ထမင်းစားပွဲပေါ်တွင်ရှိသည့်ဟင်းများအားလုံးသည်..ဂျီဆူးခပ်ထည့်ပေးသောကြောင့်..
ဂျဲန်းနီပန်းကန်ထဲတွင်ထမင်းပင်မမြင်ရတော့ချေ...."မ'ကကွာ..ချယ့်ကိုလည်းဟင်းလေးထည့်ပေးပါအုန်း.."
"လက်မပါလို့လား.."
ခပ်ဆတ်ဆတ်ပြောလိုက်သည့်ဂျီဆူးစကားကြောင့်ချယ်ယောင်းနှုတ်ခမ်းဆူကာ..
"ဒီလိုနော်.."
"အင်း..ဒီလို.."
".."
စိတ်ကောက်သွားသည့်ချစ်သူအားဂျီဆူးထပ်ချော့ရပြန်သည်...
သူအကြိုက်ဆုံးအစားစာဖြစ်တဲ့ကင်ချီလေးအားပါးစပ်ထဲခွံ့ရင်းပေါ့..ဂျဲန်းနီသည်လည်းထိုအခြေအနေအားမြင်၍..ပြုံးမိခြင်းနှင့်အတူအတိတ်ရှိပုံရိပ်များကပြန်ဟပ်လာခဲ့သည်..
အပြုအမူသေးသေးလေးကအစ...ရင်ခုန်အောင်လုပ်တတ်တဲ့မောင့်ပုံရိပ်ကအတွေးထဲမှာအရမ်းလှတာဘဲ..မောင်..
ပုဇွန်အကြီးအားနှစ်ခြမ်းခွဲ၍ကင်ထားသောဟင်းကိုကြည့်ပြီးတွေးမိသည်က..မောင်လည်းပုဇွန်ကြိုက်ပါလားဟူသည့်အတွေး..
ညနေစာရောစားပြီးပြီလား..
ညနေပိုင်းထမင်းစားရတာမကြိုက်တဲ့မောင်က..ကျမခေါ်ရင်ဂျစ်တစ်တစ်လုပ်တတ်သေးတာ..မျက်ဝန်းအိမ်၌နေရာယူကာဝဲလာသည့်မျက်ရည်များအားပုတ်ခတ်လိုက်သည်...

YOU ARE READING
So Far Away(ငြိတွယ်ခြင်း)[Complete]
Fanfictie."ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End Date-6.2.2022 #Zg "ကျမတို့နီးဖို့ကြိုးစားတိုင်း... တစ်စတစ်စဝေးသွားခဲ့ကြတာဘဲ.." {Married Life of two girls} Start Date-15.11.2021 End...