အပိုင်း-၁၄

2.5K 269 14
                                    

စာတမ်းကိစ္စသည်ရှောရှောရှူရှူပြီးသွားသည်ဖြစ်သောကြောင့်....
ပြင်သစ်စာစားသောက်ဆ်ိုင်တစ်ခုတွင်ညနေစာစားပြီးအောင်ပွဲခံနေကြသည်...

စာတမ်းကိစ္စတွင်ကူပေးသောတက္ကသိုလ်ရှိဆေးကျောင်းသားများအပြင်၊ပါမောက္ခချုပ်နှစ်ယောက်နှင့်အတူ..လီဆာတို့ကိုးရီးယားကဆရာဝန်အုပ်စုတစ်ခု..

"ဘန်ဘန်....ခဏစကားပြောချင်လို့.."

အပြင်သို့ဖုန်းပြောရန်ထွက်သွားသေbာမင်အာသည်..အထဲသို့ပြန်ဝင်လာသည်နှင့်..လီဆာနားကပ်ကာပြောသည်ကြောင့်..

"အွန်း..ကိုယ်လာခဲ့မယ်.."

မင်အာနောက်လိုက်လာသည်နှင့်..
လူရှင်းသည့်တစ်နေရာရောက်သည်နှင့်..

"ဘန်ဘန့်ကိုပြောသင့်လား..မပြောရဘူးလား..
သေချာစဥ်းစားခဲ့တာ.."

"ဘာများလဲ.."

မင်အာကခေါင်းငုံ့ထားသည်မို့..လီဆာကြောင်သွားသည််မှာအမှန်...ဘာကိစ္စပြောမှာမို့မင်အာကဒီလိုဖြစ်နေတာလဲ..

"ဒါသာကြည့်လိုက်ပါတော့.."

"ဒါ..ဒါက.." 

မင်အာပြသည့်ဖုန်းထဲကယောင်္ကျားလေးတစာယောက်နဲ့ပြုံးရယ်နေတဲ့Honeyရဲ့ပုံရိပ်..

"ဒီနေ့ဟုန်းဒယ်ကကုန်တိုက်တစ်ခုမှာ..ဘန်ဘန့်ရဲ့အမျိုးသမီးနဲ့ယောင်္ကျားလေးတစာယောက်ကလျှောက်လည်နေကြတဲ့ပုံဘဲ..
တို့ရဲ့သူငယ်ချင်းတစ်ယောက်က.ဂျဲန်းနီကိုဘန်ဘန့်ရဲ့မိန်းမလို့သိတယ်လေ..ဒါ့ကြောင့်တို့ကိုသေချာအောင်ပို့ပေးထားတာ.."

ဒါဟန်ဆွန်းချွန်းဆိုတဲ့ကောင်မလား...
ငါပြောထားတဲ့စကားကိုHoneyကအရေးမစိုက်တာလား....
အဲကောင်နဲ့လျှောက်လည်တဲ့အထိရင်းနှီးနေရအောင်...ငါမရှိတဲ့အချိန်မှာဒီလိုတွေလုပ်ဖို့..Honeyကနေခဲ့တာလား..

"ဘန်ဘန်.."

".."

အတွေးလွန်၍သတိမထားမိ၍မျက်ရည်ကျနေမိသည်ကို..မင်အာသည်မဲ့ပြုံးပြုံးလိုက်ပြီး..

"သူကဘန်ဘန့်ကိုမလိုတော့တဲ့အချိန်..တို့ရှိပေးမယ်.."

ဖက်၍ဆိုလာသောသူမအားလီဆာတွန်းဖယ်ခဲ့ကာ..ခြေဦးတည့်ရာပြေးလာသည်က..

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now