Unicode
ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၈)
ပိုင်ယန်ချူးမှာ နေ့ခင်းပိုင်းအပြင်ထွက်သွားပြီးနောက် ပြန်မလာတော့ပေ။ သူမမှာ နဂိုကတည်းကလည်း ပေါ့ပေါ့ပါးပါးနေတတ်သူမို့ အပြင်ခိုးထွက်နေကြပင်ဖြစ်သည်။ ထို့ကြောင့်လည်း ပထမ သူမပျောက်သွားသည့်အခါ ဘယ်သူကမှစိတ်ထဲမထားမိ..။
သို့ပေမယ့် သူမညစာစားချိန်တောင်ပြန်ရောက်မလာသည့်အခါမှ သူမအထိန်းတော်ကြီးများမှာ ပြာယာခတ်ကုန်ကြသည်။
ဒီအကြောင်းကို အထိန်းတော်များက ဖွားတော်ကြီး (ဝန်းချင်၏အမေ) ကိုသွားလျှောက်တင်ကြလေတော့ ဖွားတော်လည်း သူမအထိန်းတော်ဖြင့် အမှာတော်လွှတ်ကာ ဝန်းချင်ကိုအသိပေးလိုက်သည်။
ထိုအခါ ဝန်းချင်မှာ သူမသမီးကိုသေချာမစောင့်ရှောက်သော အထိန်းတော်များကို အပြစ်ပေးဖို့ထက် သူမသမီးကိုရှာဖို့သာဇောကပ်သွားလေသည်။ ထို့ကြောင့်လည်း သူမယောက်ျားကိုခစားသည့် အဆင့်မြင့်ကိုယ်ရံတော်များရော ရဲမက်တွေပါမကျန် သူမသူမကိုလိုက်ရှာဖို့ စေခိုင်းတော့သည်။
အကယ်၍ ညဘက်မှာပါ မပြန်လာခဲ့လျှင် နန်းတော်ကိုအခစားဝင်၍ ဘုရင်ထံ သူမသမီးကိုဝိုင်းရှာပေးရန် အခစားဝင်ဖို့ပင် စိတ်ဆုံးဖြတ်ပြီးနေပြီဖြစ်သည်။
ယခုအခါ ပိုင်ယန်ချူး (နဥ်မုန့်ဝင်ရောက်လိုက်ပြီဖြစ်သော ခန္ဓာကိုယ်) ပြန်ရောက်လာပြီဆိုသောသတင်းကြားကြားချင်း ဝန်းချင်တယောက် အိမ်တော်ထဲက ပြေးထွက်လာပြီး သူမသမီးလေးကို တင်းကြပ်စွာပြေးဖက်ရှာသည်။
အိမ်တော်မှသူတိုင်း သူတို့၏သခင်မ ဝန်းချင် (gentle princess)ကိုအမြဲတမ်း အထက်တန်းဆန်ကာ တည်ငြိမ်လှသည့်ပုံစံကိုပဲမြင်ဖူးကြပြီး ဒီလို ပြာယာခတ်ကာ စိတ်ပူပန်လွန်းနေရှာသည်ကို ပထမဆုံးမြင်ဖူးသွားကြခြင်းပင်။
ဝန်းချင်မှာ သူမကို အဖိုးတန်ရတနာလေးလို ချစ်ခင်ယုယပြီး နွေးထွေးစွာဖက်ထားသည်မို့ နဥ်မုန့်လည်း မိဘမေတ္တာ၏အနွေးထည်ကြောင့် စိတ်ထဲ နွေးထွေးကာ ရုတ်တရက်တော့ ကြောင်သွားလေ၏..။
ВЫ ЧИТАЕТЕ
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Исторические романыNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...
