Unicode
ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၁၂)
နဥ်မုန့် ပိုင်မင်ယွဲ့ကို ဘယ်လောက်မှတောင် မစောင့်လိုက်ရချေ။ လက်ဖက်ရည်တခွက်သောက်စာလောက် အချိန်တွင် သူမရောက်လာချေသည်။
ပိုင်မင်ယွဲ့မှာ နဥ်မုန့်ထက်အသက်ပိုကြီးသော်လည်း အဆင့်အတန်းအရာမှာတော့ နဥ်မုန့်ထက်နိမ့်ပေသည်။ ထို့ကြောင့်သူမလာသည့်အခါ နဥ်မုန့်မှာ နေရာကထ၍လူချင်းတွေ့ကာ သွားကြိုစရာမလိုပေ။ ထို့ကြောင့် သူမ၏အပါးတော်မြဲများကသာ ပိုင်မင်ယွဲ့ကိုသူမဆီကြိုလာကြပေသည်။ပိုင်မင်ယွဲ့မှာ အသက်၁၅နှစ်ရှိပြီဖြစ်သော်လည်း အပျိုဖော်ဝင်ပြီဖြစ်ကာ မိန်းမပျိုတယောက်ကဲ့သို့ တိုးတက်ပြောင်းလဲလာပြီဖြစ်ပြီး သူမ၏ရုပ်သွင်မှာ လေပြေညှင်းတွင် ယိမ်းနွဲ့နေသော အဖြူရောင်ကြာပန်းလေးတပွင့်နှယ် တခါမြင်ပြီးရင်တောင် မေ့မရနိုင်အောင် လှပလွန်းလှသည်။
ပေကျင်းမှာသာ အလှဆုံးတယောက်သာရှိမယ်ဆို ဒီမြို့တော်ကြီးရဲ့ အလှဆုံးက သူမ ပိုင်မင်ယွဲ့ ပေ....။အသက်ရှိုက်စာအနည်းငယ်အချိန်အတွင်း ပိုင်မင်ယွဲ့မှာ သူမမျက်နှာရှေ့ပင် ရောက်လာပြီဖြစ်ပြီး ပြုံးလျက် သူမ၏ခေါင်းကလေးကိုပုတ်ကာ, "သဲငယ်လေး... မတွေ့တာကြာပြီနော်... ကြည့်ပါအုံး.. အရပ်ကြီးလည်း ရှည်လာလိုက်တာကွယ်....."
ထိုအခါ နဥ်မုန့်လည်း မျက်လုံးလေးများပါလခြမ်းလေးလိုကွေးသည်အထိ ပြုံးပြကာ "ဝမ်းကွဲမမကိုလည်း မတွေ့ရတာကြာလို့ထင်တယ်သိလား.... မမကို ပိုပိုပြီးလှလာလိုက်တာ" ဟု ချစ်စဖွယ်လေးဖြင့်ပြောပြီးနောက် တဖက်ကလည်း ပိုင်မင်ယွဲ့၏လေသံနဲ့စကားအသွားအလာကို လေ့လာသလို တဖက်ကလည်း ပိုင်မင်ယွဲ့ကို မျက်နှာချိုသွေးရင်း သူမဘေးတွင် အသင့်ပြင်ထားသောထိုင်ခုံကိုညွှန်ကာ "တို့မမ ဒီကိုလာလို့ပင်ပန်းသွားပြီထင်တယ်... ဒီမှာထိုင်ပြီး အနားယူလိုက်ပါအုံးနော်" ဟုဆိုကာ သူမသည်လည်းပိုင်မင်ယွဲ့ ထိုင်သည်နှင့် သူမထိုင်ခုံမှာ သူမပြန်ထိုင်လိုက်၏ ။

BẠN ĐANG ĐỌC
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Tiểu thuyết Lịch sửNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...