Unicode
ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၁၃)
ထူးခြားသည့်မျက်နှာအမူအရာအချို့မှာ ပိုင်မင်ယွဲ့မျက်နှာပေါ်တွင်ဖြစ်တည်သွားသော်လည်း တဒင်္ဂမျှသာ...။ ထိုအရာများမှာ မျက်စိတမှိတ်အတွင်းမှာသာ ဖြစ်ပျက်သွားပြီး သူမ၏နဂိုပုံစံအပြုံးပုံရိပ်အတိုင်းသို့ပြန်လည်ရောက်ကိုသွားချေသည်။ ပြောရရင် လုံးဝအမူအရာမပြောင်းခဲ့သလိုလိုပေါ့.....
"နောင်နောင့်လေး... မဟုတ်တာတွေမပြောပါနဲ့ကွယ်... ေတာ်ကြာသူများကြားသွားရင် တို့တတွေရဲ့ ဂုဏ်သိက္ခာကျပါလိမ့်မယ်"
ထိုအခါမှ နဥ်မုန့်လည်းတိတ်သွားပြီး သူမပြောတာလည်း မှန်ကန်ကြောင်းဆင်ခြင်မိသွားသည်။ ဟိုးရှေးခေတ်အခါမို့ မိန်းမတယောက်၏ အရှက်နဲ့သိက္ခာမှာ အရမ်းကို အရမ်းပါအရာရောက်ပေသည်။ သူမစကားကိုသာတယောက်က ကြားသွားလို့ လျှောက်ဖြန့်မည်ဆိုလျှင် သူတို့တယောက်မဟုတ်တယောက်ရဲ့ ဂုဏ်သတင်းမှာ ညှိုးနွမ်းနိုင်သည်လေ....။
အသွားအလာ အပြောအဆိုအနေအထိုင် ငြိမ်ဝပ်ပိပြားလွန်းပြီး အရာရာမှာတော်လွန်မှသာ မိန်းကလေးတယောက်ရဲ့ ဂုဏ်သတင်းမွှေးပြီး လင်ကောင်းသားကောင်းရနိုင်သည့်ခေတ်လည်း ဖြစ်နေပြန်သေးတာကိုးးး......
"တောင်းပန်ပါတယ်နော် ဝမ်းကွဲမမ.... ညီမလေး မချင့်ချိန်မိလိုက်ဘူး"
ပိုင်မင်ယွဲ့ (ခပ်ဖွဖွပြုံးလျက်), "အော်...ရပါတယ်..... တို့နှစ်ယောက်ထဲသီးသန့်ပြောရင်တော့ သူတို့တွေလျှောက်မပြောတော့ရပါတယ်ကွယ်...."
"ဟုတ်"
"နောင်နောင့်လေးက တို့ကိုဒီလိုမေးတာတုန်း... ဘာလဲ.. နောင်နောင့်လေးမှာရော ချစ်ရသူရှိနေပြီလား"
နဥ်မုန့် (မျက်လုံးလေးပြူးကျယ်လျက်) , "အာ.... မဟုတ်ပါဘူးနော်"
ဒါပေါ့... သူမ hostကလွဲရင် ဘယ်သူကိုမှအာရုံကိုမလာတာ...
တဖက်တွင်လည်း ပိုင်မင်ယွဲ့မှာ နဥ်မုန့်က သူမကိုရုတ်တရက်ကြီးဒီလိုတွေဘာကြောင့်မေးလဲဆိုသည်ကို သိချင်စိတ်ပြင်းပြနေသော်လည်း သူမစိတ်တွင်းရှိဖုန်းကွယ်ထားသည့်အရာကို နဥ်မုန့်သံသယဝင်သွားမှာလည်းဆိုးတာကြောင့် ဘာမှမဖြစ်ခဲ့ မကြားခဲ့သလိုသာနေလိုက်၏ ။
ESTÁS LEYENDO
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Ficción históricaNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...
