Unicode
ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၄)
လျန်တိုင်းပြည်နှင့် ကျန်းတိုင်းပြည်တို့မှာ အရှေ့တောင်ကုန်းမြေကြီးကို ဘယ်တစ်နိုင်ငံ ညာတစ်နိုင်ငံနှင့်ခွဲဝေအုပ်စိုးနေကြတာဖြစ်သည်။
သို့သော်လည်း ထိုကုန်းမြေကြီးတွင် ထိုတိုင်းပြည်နှစ်ခုသာရှိနေခြင်းမဟုတ်ဘဲ... နိုင်ငံအငယ်လေးများ၊ အလတ်စားနိုင်ငံလေးများလည်းရှိကြပြီး ထိုတိုင်းပြည်ကြီးများကိုမှီတင်းနေထိုင်ကြရတာဖြစ်သည်။
ထုံးစံအရဆိုရင် တိုင်းပြည်ကြီးနှစ်လုံး၏ စစ်ရေးအင်အားမှာတူညီရမှာဖြစ်ပြီး ထိုသို့မဟုတ်လျှင် စစ်ပွဲများဖြစ်နိုင်ပေသည်။
ကုန်းယိချင်နန်းတက်သည့်အခါ ကျန်းတိုင်းပြည်၏အခြေအနေအားလုံးတစတစနှင့်ပြောင်းလဲလာပေသည်။
သူသည် ကျန်းတိုင်းပြည်ကိုအုပ်စိုးရုံတင်မက ဉာဥ့်အမှောင်စင်မြင့်၏ အင်အားများကိုပေါင်းစည်းကာ ထိန်းချုပ်သေးသည်။ ဥာဥ့်အမှောင်စင်မြင့်မှ လုပ်ကြံသတ်ဖြတ်သူများမှာ ဓားအဖျားမှသွေးကိုတောင် ယှက်ကာသောက်သုံးတတ်သော၊ ရေကန်အင်းအိုင်နားများတွင်သာနေထိုင်တတ်သော ဘီလူးသရဲများကဲ့သို့ လက်မရွံလူသတ်သမားများဖြစ်ပေသည်။
ပြောရလျှင် သူသည်ဟိုးအရင်တုန်းကတည်းက ဥာဥ့်အမှောင်စင်မြင့်ကို သူ၏ဝှက်ဖဲအနေနှင့်ထားထားခဲ့ဟန်တူသည်။
ထို့ကြောင့်လည်း ဒီတခေါက် လျန်တိုင်းပြည်နှင့်စစ်ပွဲတွင် ကျန်းတိုင်းပြည်၏စစ်ရေးအင်အားမှာ ကျိုးနေသောဝါးမှထွက်နေသောဝါးမျက်ကဲ့သို့ ထိလွယ်ရှလွယ်လောက်အောင် ခွန်အားကြီးလွန်းသည်မို့ ကျန်းတိုင်းပြည်ကသာ အသာစီးရကာ လျန်နိုင်ငံကြီး၏ထီးနန်းကိုပဲဖြုတ်ချနိုင်ခဲ့သည်။
ဆိုရလျှင် ကျန်းတိုင်းပြည်ကြီးသည်သာ အရှေ့တောင်ကုန်းမြေစုကြီးတခုလုံး၏အကြီးဆုံးတိုင်းပြည်ဖြစ်လာသည်ပေါ့....
ကုန်းယိချင်သည်လည်း ကုန်းမြေကြီးတခုလုံးနီးပါးကိုတစုတစည်းသော အုပ်စိုးနိုင်သောဧကရာဇ်ကြီးတစ်ပါး အဖြစ်သမိုင်းတွင်သွားတော့သည်။
![](https://img.wattpad.com/cover/294171114-288-k142056.jpg)
ŞİMDİ OKUDUĞUN
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Tarihi KurguNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...