Unicode
ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၁၄)
ဒါ့အပြင် ဒီကမ္ဘာကိုရောက်ပြီး ဒုတိယမြောက်နေ့မှာ ချီယွိကော နဥ်မုန့်မှာ စိတ်ပေါ့ပါးနေသလို ပင်ပန်းနေသလိုခံစားချက်မျိုးကို တချိန်တည်းမှာတင် ခံစားနေကြရ၏ ။
ပြောရရင် ဒီကမ္ဘာရဲ့မစ်ရှင်က ပိုင်မင်ယွဲ့နဲ့လက်ထပ်ပြီး တခြားသေးသေးကွေးကွေးလေးတွေလိုက်လုပ်ရင်ရပြီမို့ လွယ်တယ်လို့ပြောလို့ရပါတယ်....
သို့ပေမယ့် မစ်ရှင်အရ နဥ်မုန့်အတွက် သူရဲ့ဖြစ်တည်ချက်ကို မသိသေးပေမယ့် သူ့အနေနဲ့တော့ သူရဲ့နဥ်မုန့်လေးနဲ့သာဒီကမ္ဘာမှာ နှစ်ကိုယ်တူဖြတ်သန်းရင်း မစ်ရှင်တွေကိုထမ်းဆောင်ချင်တာဖြစ်သည်။ ပြောရရင် မစ်ရှင်အရ အဓိပ္ပါယ်ရှိနေလည်း သူမနဲ့ပဲဖြတ်သန်းချင်တာမျိုးပေါ့....
ချီယွိမှာလည်း သူ့မူလကိုယ်၏အင်အားစုများကို အသုံးပြုပြီး ပိုင်ယန်ချူးကို လုပ်ကြံသတ်ဖြတ်သူကို စုံစမ်းရှာဖွေနေသလို တဖက်ကလည်း ပိုင်မင်ယွဲ့ကိုထောက်လှမ်းနေသေးသည်။
ထိုနေ့တုန်းက ဖုတနဲ့ ဖုလျှို့က ပိုင်ယန်ချူးရဲ့အလောင်းကို ဒီအတိုင်းသယ်ထုတ်သွားခဲ့တာမို့ ဘယ်သူက သတ်တာလဲဆိုတာကိုတော့ ဖော်ထုတ်ဖို့ခက်ခဲနေသေးတယ်လေ...
ပြောရရင် ချီယွိထင်ထားတာက ပိုင်ယန်ချူးကိုသတ်တဲ့လူကိုဖော်ထုတ်ရမှာက ခက်ခဲလိမ့်မယ်ပေါ့... တကယ်တမ်း ပိုခက်ခဲနေတာက ပိုင်မင်ယွဲ့အကြောင်းစုံစမ်းရတာကိုပါ.....
ပိုင်မင်ယွဲ့ဆိုတာက ငယ်ငယ်လေးကတည်းက အရမ်းကိုလှပပြီးသိမ့်မွေ့လွန်းသလို ကြီးလေ တန်ဖိုးတက်လေ ငယ်သွေးကြွယ်လေ ဖြစ်သူပါ ။
မိခင်ဖြစ်သူက ပိုင်မင်ယွဲ့သေးသေးလေးကို အထည်ဆိုင်အမြဲခေါ်သွားတာမို့ သူမလေးရဲ့ ကိုယ်ရောင်ဝါလည်းပိုတောင်ပလာခဲ့တာပါ...
ဒါပေါ့... ပိုင်မင်ယွဲ့လေးရဲ့ မိဘတွေဖြစ်တဲ့ ပိုင်ဟောင်ချန်နဲ့ ရှန်းဖေးကတော့ သူတို့သမီးလေး ပိုပိုလောဘကြီးလာတယ်လေ...
ပိုင်မင်ယွဲ့လေးကို အရောင်တင်ဖို့ရာ ပိုင်မင်ယွဲ့အဖေတယောက် သူရဲ့ပိုက်ဆံတွေကို ထင်ရှားကျော်ကြားတဲ့ပညာရှိတွေကို ငွေကြေးမြောက်မြားစွာပေးငှားပြီး စစ်တုရင်ထိုး၊ လက်ရေးလှ၊ ပန်းချီ၊ ကဗျာဖွဲ့ဆိုခြင်း၊ အကပညာစတာတွေကို သင်ယူစေတော့တာပဲ...။
VOCÊ ESTÁ LENDO
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Ficção HistóricaNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...
