Unicode
ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၇)
ချီယွိတယောက် မြင်းကိုဒုန်းစိုင်းမောင်းနှင်လာရင်း မြို့တော်၏ဂိတ်တံခါးနားအရောက်တွင် မြင်းကိုရပ်စေလိုက်၏။ ယခုလို ရှေးခေတ်အချိန်အခါမှာ ပွင့်လင်းမြင်သာမှုမရှိပေယ့် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံပစ္စည်းကလည်း အရေးပါသေးသည်။
သူလည်း နဥ်မုန်၏ ရှုပ်ထွေးပေပွနေသော ဆံပင်နှင့်အက်ျီကို သေသပ်အောင်ပြင်ပေးလိုက်ပြီး:, "ကိုယ်တို့နောက်မှ မြို့တော်ကြီးဆီတူတူသွားကြတာပေါ့... အခုလောလောဆယ်တော့ ကိုယ်မင်းကို စစ်သူကြီးစံအိမ်တော်ဂိတ်ဝထိပို့ပေးမယ်... မင်းစံအိမ်ရောက်တာနဲ့ မင်းအမေကို မင်းဘာတွေကြုံတွေ့ခဲ့လဲဆိုတဲ့အဖြစ်မှန်တွေအကုန်ပြောပြနော် ကြားလား... ဒီနေ့မင်းရဲ့မူလကိုယ်မှာ ဘာတွေကြုံတွေ့ခဲ့တယ်ဆိုတဲ့အဖြစ်အပျက်တွေအားလုံးမှတ်မိလား? "
ထိုစကားတွေကိုကြားလိုက်ရတော့ နဥ်မုန့်တယောက် မျက်ရည်လေး စမ်းစမ်း..စမ်းစမ်းနှင့်ဖြစ်လာလေသည်..., "Host ကလည်း ကျမနဲ့အတူမလိုက်ပေးဘူးလား....."
ဒီတင်မကသေး သူ့အက်ျီလက်ကိုဆွဲထားရင်း မျက်စိသူငယ်နားသူငယ်ဖြစ်နေသယောင် သနားစဖွယ်အမူအရာလေးကလုပ်ပြနေသေးသည်။ ပြေးမြင်ကြည့်ရရင် သခင်စွန့်ပစ်တာ ခံရတော့မယ် ကြောင်ပေါက်လေးတကောင်လိုလေးပေါ့.....
ချီယွိမှာ သူမလေးကိုဒီအသက်အရွယ်ကြီးရောက်နေပြီ ကိုယ့်အားကိုယ်ကိုးဖို့ သတ္တိရှိဖို့ဆိုတာမျိုးလုံးဝမပြောပဲ သူမခေါင်းလေးကိုသာ အသာအယာပွတ်သပ်ပေးကာ ပုတ်ပေးလိုက်၏... ပြောရရင် လူကြီးတယောက်က သူ့ကလေးလေးကိုချော့မြူနေသလို ပုံစံနဲ့ပေါ့...
ထို့နောက် "ကိုယ်မင်းကို ညဘက်ကြမှလာရှာပါ့မယ်ကွယ်" ဟု ညင်သာစွာပြောပြန်သည်။
နဥ်မုန့် (မျက်လုံးလေးများတောက်ပလျက်), "ဒါဆို ကျမနဲ့အတူလာအိပ်ပေးမှာလားဟင်"
ချီယွိ (ပြုံးလျက် ခေါင်းညိတ်ပြကာ), "အင်းပေါ့"
ထိုအခါမှသာ သူမလေးမှာ ပျော်ရွှင်သွားပြီး အငိုမျက်လုံးအပြုံးမျက်နှာလေးဖြစ်လို့ပေါ့...
ŞİMDİ OKUDUĞUN
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Tarihi KurguNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...
