Unicode
ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၁၀)
နဥ်မုန့်ကတော့ သူ့hostမှာသူ့အမေ မနွေးထွေး၏ သံသယဖြစ်ခံရသူများထဲမှတယောက်ဖြစ်နေပြီဆိုတာကိုမသိရှာသေး..။
သူမစံအိမ်ကိုပြန်ရောက်သည့်အခါ သင်းရနံကြိုင်လှိုင်လှသော ရေနွေးနွေးလေးကိုချိုးပြီး သူမကိုခစားနေကြသူများကိုပြန်လွှတ်လိုက်၏။ ထိုသူများထွက်ခွာသွားသည်နှင့် သူမ host သူမအခန်းဆီဝင်မလာနိုင်ဘဲနေမှာဆိုး၍ ပြတင်းပေါက်တံခါးကိုလည်းအပြေးကလေးသွားဖွင့်ရသေးသည်။
နဥ်မုန့်အတွက်တော့ ဒီလိုရှေးခေတ်ကမ္ဘာရောက်ပြီးတာဝန်ထမ်းဆောင်ရသည်မှာ ပထမဆုံးအကြိမ်ဟုပြောရမလားပါပဲ... ရှေ့ကမ္ဘာတုန်းက သူမဟာရှေးခေတ်က unicorn တကောင်ဖြစ်ခဲ့ပေမယ့် ထိုကမ္ဘာဟာမှော်ပညာတွေ ကျင့်ကြံခြင်းတွေနဲ့ကမ္ဘာမို့လို့ အတန်ငယ်ကွဲပြားသည်ပင်...။
ပိုင်ယန်ချူးမှာ မွေးဖွားစဥ်ကတည်းက ရွှေပေါ်မြတင်ပြီးမွေးလာခဲ့တာဖြစ်ပြီး သူမ၏အဆင့်အတန်းက သူမ၏ကံကြမ္မာကိုဖန်တီးပေးလာခဲ့တာဟုပင် ယူဆနိုင်သည်။ ပိုင်ယန်ချူး အသုံးပြုသမျှပစ္စည်းတိုင်းမှာလည်း အကောင်းဆုံးတွေသာဖြစ်ပြီး သူမအခန်းထဲမှ ပန်းအိုးလေးတအိုးတောင် အဖိုးအခများစွာထိုက်တန်ပေသည်။ အခုခေတ်နှင့်ဆို ဒေါ်လာပေါင်းထောင်ပေါင်းများစွာလောက်ပေါ့...။ ထပ်ပြောရလျှင် ပိုင်ယန်ချူး၏အခန်းထဲမှပစ္စည်းလေးတခုကိုပင် ယူထုတ်သွားပါစေအုန်း... သူဆင်းရဲတယောက်အဖို့ ထိုပစ္စည်း၏ရောင်းရငွေနှင့်ပင် နွေးထွေးသောဘဝလေးကိုထူထောင်နိုင်သည့်အခြေအနေပင်။
နဥ်မုန့်မှာ အခန်းထဲတွင် သူမတယောက်ထဲသာကျန်ရှိသည့်အခါ အတော်လေးစိတ်ပေါ့ပါးသွားလေသည်။ ထိုအခါမှ ဘေးဘီကိုစပ်စုလိုစိတ်အပြည့်ဖြင့်ကြည့်နိုင်တော့သည်။
စပ်စုနေရင်း စိတ်ထဲမှလည်း တွေ့သမျှအရာတိုင်း၏တန်ဖိုးကိုလည်းတွက်နေသေး၏..။ သူမအတွက်တော့ တခြားစိတ်ဝင်သည်မဟုတ်ပဲ ကလေးအတွေးမျှသာရှိသည်။ အတိအကျပြောရရင် ပိုက်ဆံ = အရသာရှိလှေသာကြက်ခြေထောက်များနှင့် ကြက်တောင်ပံများ + အမဲသားချဥ်စပ်စွပ်ပြုတ်များစွာနှင့်အတူ သူမပြန်လာခါစက သူမ hostနှင့် အတူစားခဲ့သော ယန်ချွန်းခေါက်ဆွဲတို့ကို စိတ်ရှိတိုင်း အားပါးတရ စားဖို့သာစိတ်ထဲရှိတာဖြစ်သည်။
![](https://img.wattpad.com/cover/294171114-288-k142056.jpg)
ESTÁS LEYENDO
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Ficción históricaNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...