Unicode
ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၁၁)
နောက်နေ့မနက်စောစောတွင် နဥ်မုန့်တယောက် အိပ်ယာမှနိုးထလာချိန်တွင် သူမဘေးနားတွင် ဘယ်သူမှမရှိတော့ဘဲ ထိုနေရာမှာ အေးစက်နေချေပြီ။ ချီယွိဘယ်အချိန်ထသွားသလဲဆိုသည်ကို သူမ မသိလိုက်...။
သူမနိုးနေပြီဆိုတာသိသည်နှင့် အပြင်တွင်ခစားနေသည့်အစေခံများမှလည်း ဆူညံသံံအချို့ထွက်လာလေသည်။ထို့နောက် သူမမျက်နှာသစ်ရန်နှင့် အပေါ့အလေးစွန့်နိုင်ရန် ပစ္စည်းအချို့ကို သယ်ဆောင်လာကာအခစားဝင်လာကြတော့သည်။
ကိုယ်လက်သန့်စင်ပြီးသည့်အခါနဥ်မုန့်လည်းမနက်စာစားရန်နွေးထွေးသော အခန်းတခုဆိုထွက်လာလိုက်သည်။
ပိုင်မိသားစုကြီးတွင် ဘိုးဘေးကြီးနှစ်ယောက်ဆုံးပါးသွားကတည်းက စံအိမ်မကြီးနှင့်ဒုတိယစံအိမ်တော်ဟူ၍ကွဲထွက်သွားကြတာဖြစ်သည်။
ပိုင်ယန်ချူးနှင့် ဝန်းချင်မှာ ဝန်းချင်လက်မထပ်ခင်ကတည်းကနေထိုင်ခဲ့သည့်မင်းသမီးစံအိမ်တွင် နေထိုင်နေကြတာလည်းဖြစ်၏ ။
ယောက်ျားဖြစ်သူစစ်သူကြီးပိုင်ကျင့်ချန်းမှာ အမြဲတမ်းရှေ့တမ်းရောက်နေပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်ကာတိုက်ပွဲဝင်နေခဲ့သည်မို့ စံအိမ်မကြီးတခုလုံး၏ ကိစ္စအဝဝကိုဝန်းချင်ကသာ စီမံကွပ်ကဲလို့ စောင့်ရှောက်လာတာဖြစ်သည်။
ထိုတင်မကသေး ပိုင်မိသားစုကြီး နှစ်ခြမ်းခွဲသွားပြီးနောက် ပိုင်ဆိုင်မှုများကိုလည်း ခွဲဝေယူကြသေးသည်။ ထိုမှရရှိလာသော ပိုင်ဆိုင်မှုများကို ဝန်းချင်ကသာ သိမ်းဆည်းပေးရတာဖြစ်ပြီး ထိုအရာများနှင့်အတူ သူမ ပိုင်ကျင့်ချန်းနှင့် မဂ်လာဆောင်စဥ်ကရရှိသော ပစ္စည်းများစွာကိုလည်း သူမတယောက်တည်းကသာ သိမ်းဆည်းလို့ထိန်းသိမ်းပေးနေခဲ့ရလေသည်။
သူမဘဝကြီးမှာ သူများအမြင်တွင် အရမ်းကို nobleကျပြီး တင့်တယ်လွန်းကာ သူမလိုချင်သမျှဘာမဆိုရနိုင်သည်ဟုထင်ရသော်လည်း တကယ်တမ်းမှာ ဘယ်အရာမှသူမအတွက်လွယ်ကူချောမွေ့မနေချေ။
VOUS LISEZ
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Fiction HistoriqueNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...
