ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၅)
Unicode
ကုန်းယိချင်တယောက်ပြန်ရောက်ချိန်တွင် ထိုဘုရားကျောင်းကိုရောက်ခဲ့သော လူစာရင်းကို သူ့လူများအားစုံစမ်းစေလိုက်သည်။ အတိအကျပြောရရင် သူရောက်ခဲ့တဲ့နေ့နဲ့ရှေ့တရက်က ဘုရားကျောင်းရှိ မီးဖိုဖို့ထင်းထားတဲ့အခန်းကိုရောက်ခဲ့တဲ့ လူတွေရဲ့စာရင်းကိုပေါ့....
သူ့အတွက် မုန့်တွေထုပ်ပေးတဲ့ penny ပန်းပုံလက်ကိုင်ပဝါလေးရဲ့အရည်အသွေးအရ သူမလေးဟာ မိသားစုကြီးတစ်စုက ပြောရရင် ရာထူးကြီးကြီး သို့မဟုတ် ဆွေကြီးမျိုးကြီးကသမီးပျိုတစ်ယောက်ဖြစ်နိုင်လေသည်။
ကုန်းယိချင်လူတွေက တော်တော်ကြီးတော်ကြတယ်လို့ပြောရမယ်... သူတို့တွေက အဲ့မိန်းမပျိုလေးကိုသိပ်တောင်မရှာလိုက်ရဘူးလေ....
ထိုမိန်းမပျိုလေးဟာ ပိုင်မိသားစုကြီးရဲ့ ဒုတိယမိသားစုကသမီးပျို ပိုင်မင်ယွဲ့ပါပဲ..
ပိုင်မင်ယွဲ့ဆိုသည်မှာ ပီကင်းမှာနာမည်အကြီးဆုံးမိန်းမပျိုဖြစ်ပေသည်။ သူမမှာ ပီကင်း၏အချောအလှဆုံးလည်းဖြစ် စောင်း၊ စစ်တုရင်ထိုး၊ ဆေးရေးပန်းချီ၊ လက်မှုပညာအရာတွေမှာ တဖက်ကမ်းတက်တာမို့ ယောက်ျားတိုင်းက crush ရတဲ့မိန်းမပျိုလေးပေါ့.....
ကုန်းယိချင်ခမျာလည်း သူမလေးအကြောင်းသိရတဲ့အခါ ပျော်ရွှင်မှုရော စိုးရိမ်စိတ်ပါ ဝင်ရှာတယ်လေ..
ပျော်တယ်ဆိုတာကတော. ဒီလိုချောလွန်းလှလွန်းပြီး အစစအရာရာတော်တဲ့မိန်းကလေးက မာနအရမ်းမကြီးပဲ ကြင်နာသနားတတ်လို့ပါ...
စိုးရိမ်စိတ်ဝင်တယ်ဆိုတာက သူမလေးရဲ့အရည်အသွေးက သိပ်မြင့်မားလွန်းတာမို့ သူမလေးကို ဘယ်သူကပိုင်ဆိုင်ရ/သွားမလဲဆိုတာပြောရခက်တာမို့ပါ...တကယ်လည်းသူထင်တာမှန်တာပဲလေ...
ကုန်းယိချင်တယောက် ပိုင်မင်ယွဲ့နဲ့သိပ်တောင်မဆက်သွယ်လိုက်ရှာ... သူမမှာ နန်းတော်ကအမိန့်အရ မောင်းမဆောင်၏ ထောင်ပေါင်းများစွာသောအလှလေးတွေထဲကတယောက်အဖြစ် တော်ကောက်ခံလိုက်ရပါသတဲ့...။
VOCÊ ESTÁ LENDO
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Ficção HistóricaNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...
