ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၁)
Unicode
အစောပိုင်းက system space တွင် တာဝန်လွှဲပြောင်းသူ၏ပုံပန်းသဏ္ဍာန်နှင့် မစ်ရှင်မိတ်ဆက်၏စကားအသွားအလာ အရဆိုလျှင် ထိုသူမှာအခြေအနေမကောင်းလောက်ဘူးဟုချီယွိတယောက် ခန့်မှန်းမိချေသည်။
တကယ်လည်း သူကူးပြောင်းလာလို့ မျက်စိနှစ်လုံးဖွင့်သည်နှင် သူ့ကိုကြိုဆိုနေသည်က လူသူကင်းမဲ့ကာ ယိုယွင်းပျက်စီးနေပြီဖြစ်သောဝင်းကြီးတခုထဲရောက်နေခြင်းပင်....။
တခြားကူးပြောင်းချိန်တိုင်းတွင် နဉ်မုန့်မှာကူးပြောင်းလာပြီဆိုသည်နှင့် သူမ၏ host ကိုသူမပတ်ဝန်းကျင်တွင် ကျီးကန်းတောင်းမှောက်လိုက်ရှာတတ်လေသည်။ ချီယွိသည်လည်း သူကူးပြောင်းလာပြီဆိုတိုင်း ပထမဦးဆုံးလုပ်သည့်အလုပ်က နဥ်မုန့်ဘယ်ရောက်နေလဲဆိုတာကိုအာရုံခံခြင်းပင်.....။
ဒီအကြိမ် သူ၏ယိုယွင်းနေသောခြံစုတ်ကြီးအတွင်းမှ နဥ်မုန့်ရှိရာအာရုံခံလိုက်စဥ် သူမ၏သေဆုံးတော့မည့်လက္ခဏာကိုခံစားမိသည်မို့ ထိုနေရာကိုဦးတည်ကာ တရှိန်ထိုးပြေးထွက်လာလိုက်သည်.......
မြို့တော်နှင့်သိပ်မဝေးလှသော နေရာတွင် တောင်ကြီးတတောင်ရှိပြီး ထိုတောင်ပေါ်တွင်လည်း စိမ်းစိုနေသောသစ်ရွက်စိမ်းတို့နှင့် သစ်ပင်ကြီးများက အုံ့မှိုင်းကာအစီအရီပေါက်နေကြလေသည်။
ထိုနေရာတွင်လူအချို့ရှိနေပြီး တချို့သော သူများကတော့ ထင်းခွေခြင်းနှင့်ဆေးပင်ရှာဖွေတူးဖော်ခြင်းတို့ပြုလုပ်ရန်သာ ရံဖန်ရံခါလာကြသည်ဖြစ်ပြီး တော်ရုံဆိုဘယ်သူမှမလာကြချေ။
ယနေ့တွင်တော့ မဖိတ်ခေါ်ဘဲလာကြသော ၂ယောက်ထက်ပိုသောဧည့်သည်များရှိလာချေပြီ........
ထိုထဲက အရပ်ရှည်ရှည်လူနှစ်ယောက်ဟာ သစ်တောကြီး၏အပြင်ဘက်ကနေလျှောက်ဝင်လာတာပဲဖြစ်သည်.......
ထိုသူနှစ်ယောက်မှာ ဘေးပတ်ဝန်းကျင်ကိုလည်း သတိကြီးစွာ လိုက်ကြည့်ရင်း အလျင်အမြန်လျှောက်နေတာပါ။ သူတို့အချိန်အတော်ကြာလျှောက်ပြီးနောက် ကြီးမားသောတွင်းကြီးတစ်တွင်းကိုရှာတွေ့ပေတော့သည်။
أنت تقرأ
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
أدب تاريخيNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...