Unicode
ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၉)
ဝန်းချင်တယောက် သူမသမီးဖြစ်သူ၏ဒုက္ခရောက်ခဲ့ရပုံများကို ကြားသိလိုက်ရသောအခါ သတိပင်မေ့လဲမတတ်ဖြစ်သွားချေသည်။ သူမသမီးလေးကို ဆုံးရှုံးရမလိုတောင် ဖြစ်သွားခဲ့တာကိုး....
စစ်သူကြီးအိမ်တော်လို ရှင်ဘုရင်မျက်စိအောက်အမြဲရှိနေတဲ့ သူရဲ့သမီးတော်ကိုသတ်ဖြတ်ဖို့လုပ်ကတည်းက ထိုလူတွေဟာအလွန်ရဲတင်းလွန်းတာမို့ ဒေါသလည်းထွက်မိသလို အနည်းငယ်လည်းကြောက်မိသွား၏ ။ ဒီအကြိမ် အသက်ရှင်လွတ်မြောက်တယ်ဆိုပေမယ့် ဒါမျိုးနောက်တကြိမ်ထပ်ဖြစ်လာရင်ကော.....
သို့ပေမယ့် သူမသမီးရှေ့မှာမို့ သူမ၏စိုးရိမ်စိတ်များကို အလျင်အမြန်ပင်ချိုးနှိမ်လိုက်ပြီး နွေးထွေးပြုံးရွှင်သော ပုံရိပ်ကို ဆက်လက်ထိန်းထားလိုက်သည်။
"ဒါတွေထားလိုက်ပါကွယ်...အရင်စားလိုက်ရအောင် မေမေကမေမေ့သမီးလေးကို ကာကွယ်ပေးမှာမို့ မကြောက်နဲ့တော့နော်.. " ထိုကဲ့သို့ နဥ်မုန့်ကို နွေးထွေးကြင်နာစွာပြောရင်း တူနှင့် ထမင်းပန်းကန်ကို သူမလက်ထဲထည့်ကာ မူလကိုယ်ကြိုက်တဲ့ဟင်းများကို သူမနားချပေးလေသည်။
ကံကောင်းချင်တော့ နဥ်မုန့်က အစားမရွေးသလို အစားအသောက်တိုင်းကလည်း အရသာရှိနေတာမို့ သူမအမေသူမနားချပေးသလို ပန်းကန်ထဲထည့်သမျှကို နာခံစွာ အားရပါးရကိုစားနိုင်လေတယ်။
ထမင်းစားသောက်ပြီးတော့လည်း ဝန်းချင်တယောက် သူမသမီးကို အခန်းဆီပြန်မလွှတ်ခင် နူးညံ့စွာနဲ့ ချော့မော့ပေးသေးတယ်လေ..
ဒါပေါ့... နဥ်မုန့်မှာ မူလကိုယ်ပိုင်ယန်ချူးရဲ့မှတ်ဥာဏ်တွေရှိတာမို့ ဒီကြီးမားလွန်းတဲ့ စံအိမ်တော်ကြီးနဲ့အတော်လေး ရင်းနှီးနေပါသေးတယ်။ သို့ပေမယ့် သူမလေးနေထိုင်ရာ အခန်းရှိရာစံအိမ်ကိုရောက်လေတော့ စံအိမ်တော်မှာရှိသော အစေခံနှင့်အထိန်းတော်တိုင်းက သူမကိုတယောက်ချင်းဆီနှုတ်ဆက်လာကြတယ်လေ..။ လူအယောက်နှစ်ဆယ်ကျော်လောက်ရှိတာမို့ နဥ်မုန့်လည်း သူမကိုယ်သူမ တိုက်ပွဲကြီးတခုထဲ နစ်မြုပ်သွားသလိုခံစားရပြီး ထိတ်လန့်သွားရှာ၏။ ထို့အပြင် သူမ၏အပါးတော်မြဲ အထိန်းတော်အချို့ ပျောက်နေသေးတယ်ဆိုတာကိုပါ သတိထားမိ၏။
VOCÊ ESTÁ LENDO
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Ficção HistóricaNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...
