Unicode
ဧကရာဇ်မင်းငယ်၏ အဖြူရောင်ငွေလမင်း (၁၆)
ကပွဲနေ့တွင် အပါးတော်မြဲများက နဥ်မုန့်ကိုလှပအောင်ပြင်ဆင်ပေးလိုက်ကြသည်။
ဝန်းချင်သည်လည်း သူမသမီးလေးကို ကပွဲတက်ဖို့ခွင့်ပြုပေးလိုက်ပေမယ့် သူမသမီးလေးတခုခုဖြစ်မှာစိုးရိမ်သေးတာမို့ ကိုယ်ခံပညာတွင်တဖက်ကမ်းကျွမ်းကျင်သောသိုင်းပညာရှင် ၈ယောက်ကို ကိုယ်ရံတော်အဖြစ်လိုက်ပါကာကွယ်စေလိုက်သည်။
နဥ်မုန့်လည်း ရထားလုံးစီးပြီးကပွဲသို့သွားလိုက်၏..။
သူမသွားသည့်အချိန်မှာ နောက်တော့မကျပေ။ သို့သော် ဒီအကြိမ်တွင် ဖုဟွာမင်းသမီးနှင့်အတူ မင်းသားအကြီးဆုံး၊ မင်းသား(၃)၊ မင်းသား (၅) ၊ မင်းသား (၆)တို့ပါရှိမည်ဖြစ်သည်။ အထက်တန်းလွှာအမျိုးသမီးအလွှာကို ရိုးရိုးကပွဲဟုသာဖိတ်ကြားလိုက်ပေမယ့် မင်းသားများပါလာကြမည်ဆိုသည့်သတင်းက ဘယ်လိုလုပ်ပြန့်သွားလဲမသိ... ထိုသတင်းကြားသောမိန်းမပျိုအများအပြားမှာ မနက်စောစောပင်ထပြီး ဒီပွဲအတွက်ပြင်ဆင်ခြယ်သကြပေသည်။
အချို့သော အဆိုအကပညာရှင်များက ထိုမြင်ရတွေ့ရခဲသော မင်းသားလေးများအကြောင်းကို သီချင်းပင်လုပ်ဆိုကြလေ့ရှိပြီး မင်းသားအကြီးဆုံးမှလွဲ၍ အခြားမင်းသားတိုင်းက လက်ထပ်ရမည့်အရွယ်လေးတွေလည်းရောက်နေကြပြီမို့ သူတို့အကြောင်းမှာ အလွယ်တကူ hotလွန်တာလည်းဖြစ်သည်။
~~~
ဆိုတော့ကာ.... နဥ်မုန့်ရောက်ချိန်တွင် ဖိတ်ကြားထားသော မိန်းမပျိုတိုင်းရောက်နှင့်နေကြပြီဖြစ်ပြီး မင်းသမီးအိမ်တော်အနောက်ဘက်ခြံဝန်းထားတွင် စုဝေးလို့ စကားတွေပြောကြ ရယ်မောနေကြပြီဖြစ်သည်။
နဥ်မုန့်တယောက် အစောင့်အကြပ်များခြံရံကာ ခပ်ကြွားကြွားဝင်လာသည်ကို မင်းသား(၅) မြင်လေတော့ "ဟာ..... ညီမတော် ယန်ချူး... ဘယ်လို့ဒီလောက်တောင်နှေးကွေးနေရတာတုန်း... ကိုယ်တော်တို့ ညီမငယ်ကို စောင့်နေတာကြာပေါ့ အိုတောင်အိုသွားတော့မယ်ကွယ်"

ВЫ ЧИТАЕТЕ
နတ်ဘုရားအဆင့်host၏ အချစ်တော်system (Arc 5)
Исторические романыNormal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်.... Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ translation ဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ်... Th...