ကျောင်းကြီးပြန်ဖွင့်ပြီ။ ထုံးစံအတိုင်း ကျောင်းတွေအပ်ကြ ယူနီဖောင်းတေထုတ်ကြ စာအုပ်တွေထုတ်ကြနှင့်အလုပ်ရှုပ်နေကြသည်။ ဒီတစ်ခါတော့ မနှစ်ကလို ကိုယ်ရံတော်တွေတကားကားနဲ့မဟုတ်ဘဲ Do ညီကိုနှစ်ယောက် စက်ဘီးတစ်စီးနဲ့သာကျောင်းတက်ကြသည်။ တစ်ယောက်တစ်စီးဝယ်ပေးမယ်ဆိုတာကို အကြီးဖြစ်သူကလည်း သူ့ညီကိုသူပဲတင်နင်းမည်ဖြစ်ကြောင်း အသံတစာစာနဲ့ပြောနေပြီး အငယ်ဖြစ်သူကလည်း အကို့နောက်မှာမှမစီးရရင်ကျောင်းမတက်ဘူးဆိုတာကြောင့် နောက်ဆုံးတော့ မာမီဒိုနဲ့ ဒယ်ဒီဒို တို့သာ အရှုံးပေးလိုက်ကြရသည်။
မနက်စာ ထမင်းဝိုင်းတွင် မာမီ ဒိုက
"သားတို့နှစ်ယောက် အရင်ကထက်အများကြီးပိုရင်းနှီးလာသလိုပဲနော်""ရင်းနှီးဆို သားက ညီလေးရဲ့အက်ိုအရင်းဆိုတာ သိသွားပြီလေ"
"ဟင် သားသားကပြောပြလိုက်ပြီပေါ့"
"ဟုတ်တယ် မာမီရဲ့ ပြောပြလိုက်ပြီ"
"သားညီလေးကိုအရင်ဘဝကကောင်းကောင်းဂရုမစိုက်ခဲ့ရလို့ ညီလေးကအဖြစ်ဆိုးတွေနဲ့ကြုံခဲ့ရတာ အဲ့ဒါကြောင့် အခုဘဝမှာအတိုးချပြီးချစ်ပေးမလို့ ဟီးး"
"အမလေးး ချစ်ကြပါဗျာ ချစ်ကြပါ ဒယ်ဒီကတော့ မင်းတို့မာမီကိုပဲ ချစ်တော့မယ် "
"ရှင်နော် ကလေးတွေရှေ့မှာ"
"ဟားးဟားးး မာမီရှက်နေပြီ ဟားး"
ထမင်းစားဝိုင်းလေးကတော့ ရယ်သံများနဲ့ဖုံးလွှမ်းနေလေသည်။
Flash back ✌️
" Baek ငါတို့ကအရင်ဘဝကညီကိုတွေဆိုတာ ယုံလား"
"မင်းဘာပြောပြောငါယုံတယ် Kyung Soo"
"မင်းသိချင်လား "
"ဘာကိုလဲ"
"ငါတို့ရဲ့အတိတ်ကို"
"အင်း"
"ဒါဆို ဒီည ငါ့ကုတင်က်ိုလာအိပ်"
"အိုခေ ခုလာပြီ ဟီးး"
"သိပ်မသိချင်ရှာဘူးနော်"
"ညီလေးကလည်းး ဟီးး"
"ဟုတ်ပြီ ငါ့လက်ကိုကိုင်ပြီး အိပ်လိုက်တော့ "
Kyung Sooက သူ့လက်ကိုကိုင်ရင်း သူ့နဖူးကိုလက်ညှိုးနဲ့ထိကာ ပြောလိုက်တယ်ဆိုသူချက်ချင်းအိပ်ပျော်သွားခဲ့သည်။
YOU ARE READING
ROSE (Complete)
Fanfiction8နှစ်ကြာတဲ့ထိတစ်ယောက်ထဲချစ်တယ်လို့ပြောနေတာမမောသေးဘူးလား ကိုယ့်ဂျူနီယာလေး #Chanyeol ကျနော်မမောဘူး ဒါပေမဲ့စီနီယာကကျနော်မောမှာစိုးရင် ကျနော်နဲ့အတူလိုက်ပြောပေးပေါ့ ...